သွေးကြောထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး သွေးလည်ပတ်မှုကောင်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် သွေးထဲက အနယ်ထိုင်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာသာ နှလုံးသွေးကြောပိတ်ပြီး နှလုံးရပ်တန့်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ။

၁။ Green Tea

green-tea-weight-loss

Green Tea မှာ Catechins ဓာတ်ပါဝင်တာကြောင့် အစာခြေချိန်မှာ ကောလစထော (Cholesterol) စုပ်ယူခြင်းကို ကာကွယ်ပေးပါတယ်။ နေ့စဉ် Green Tea တစ်ခွက် သို့ ၂ ခွက် သောက်ပေးခြင်းက သွေးလွှတ်ကြော ပိတ်တာကို လျော့ချပေးပြီး သွေးအတွင်း အဆီဓာတ်ပါဝင်မှု အဆင့်ကို လျော့ချပေးပါတယ်။ Green Tea က ခန္ဓာကိုယ်ဇီ၀ ဖြစ်စဉ်နဲ့ နှလုံးလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန် လျော့ချပေးပါတယ်။

၂။ Cranberries (အချည်အရသာရှိတဲ့ဘယ်ရီသီးတစ်မျိုး)

index

အဲဒီအသီးမှာ Antioxidant တွေပါဝင်ပြီး ကောင်းမွန်တဲ့ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချပေးပါ။ ဒါ့ကြောင့် Cranberry သီးကို (သို့) ဖျော်ရည်ကို ပုံမှန်သောက်ပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၄၀ % ထိလျှော့ချပေးနိုင်ပါတယ်။

၃။ သစ်ကြမ်းပိုးခေါက်

cinnamon-sticks-4-indonesian-cassia-1

သစ်ကြမ်းပိုးခေါက်မှာလည်း Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

၄။ နနွင်း

နနွင်းကိုတော့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လူသိများပါတယ်။ သွေးလွှတ်ကြောတွေ တင်းမာမှုကို လျှော့ချပေးပါ။ နနွင်းကိုပုံမှန်စားပေးတာဟာ သွေးခဲမှုကို တားဆီးပေးနိုင်ပြီး သွေးလွှတ်ကြောနံရံတွေ ပျက်စီးမှုကို လျှော့ချပေးပါတယ်။

၅။ သလဲသီး

fotolia_19716263_x

သလဲသီးမှာ ရေဓါတ်ပမာဏအများအပြားပါဝင်ပါတယ်။ သွေးလွှတ်ကြောကို အမြဲပွင့်စေတဲ့ Nitric Oxide ထုတ်လုပ်ပေးတာကို ကူညီပေးတာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၆။ ထောပတ်သီး

avocado_625x350_71446534495

ထောပတ်သီးမှာ ကောင်းမွန်တဲ့ ကိုလက်စထရောတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့် ထောပတ်သီးကို စားသုံးပေးတာဟာ နှလုံးသွေးကြောပိတ်ဆို့မှုကိုကာကွယ်ပေးနိုင်ပါတယ်။

၇။ ပန်းဂေါ်ဖီစိမ်း

two-heads-of-broccoli

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K နဲ့ တခြားအဟာရဓါတ်တွေပါဝင်ပြီး သွေးလွှတ်ကြောကိုထိခိုက်စေတဲ့ ကယ်လ်ဆီယံကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်ေွကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို ကျဆင်းစေသလို သွေးတိုးလည်း ကျစေပါတယ်။

၈။ ကညွှတ်

lemon-garlic-roasted-asparagus-2

ကညွှတ်မှာ သွေးလွှတ်ကြောကို သန့်စင်စေတဲ့ အကောင်းဆုံး သဘာဝအစားအစာတစ်မျိုးဖြစ်ပါတယ်။ ကညွှတ်မှာ အမျှင်ဓါတ်၊ ဗီတာမင် B1,B2,C,E နဲ့ K စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။