သွားပျက်စီးမှာ၊ သွားပိုးစားမှာ ကိုကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥမှာ သကြားဓာတ်တွေပါဝင်မှုများတာကြောင့် သွားပျက်စီးမှာ၊ သွားပိုးစားမှာကို ဘယ်လို ကာကွယ်ပေးနိုင်သလဲဆိုပြီး တွေးနေမိမှာပါ။ ဗီတာမင် A ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ပါးစပ်ထဲမှာရှိတဲ့ pH အဆင့်ကို ထိန်းညှိပေးနိုင်ပြီး သွားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကန်စွန်းဥမှာ ငှက်ပျောသီးထက် ပိုတက်ဆီယမ်ဓာတ်ပိုပြီး ပါဝင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ ကယ်ဆီယမ်၊ ဗီတာမင် D ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကောင်းစေတဲ့ဓာတ်တွေပါဝင်တာကြောင့် သွားပိုစားတာနဲ့သွားပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
သွားတွေက ကယ်ဆီယမ်ဓာတ်ကို အခြေပြုပြီး ကြီးထွားလာတာဖြစ်တာကြောင့် သွားပိုးပေါက်တွေကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
စတော်ဘယ်ရီ
စတော်ဘယ်ရီသီးတွေမှာ ဗီတာမင် C ဓာတ်ပါဝင်တာကြောင့် ခံတွင်းကျန်းမာရေးအတွက်ကောင်းစေရုံသာမက အသားအရေခြောက်သွေ့တာတွေအတွက်လည်း ကောင်းပါတယ်။
ထောပတ်သီး
ထောပတ်သီးတွေမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွားပျက်စီးမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က အရိုးကျိုးတာတွေ ကာကွယ်ပေးနိုင်ပြီး အရိုးနဲ့သွားတွေကိုလည်း သန်မာစေပါတယ်။ သွားပိုးစားတာ၊ သွားပျက်စီးတဲ့သူတွေမှာ ပိုတက်ဆီယမ်ဓာတ် ချို့တဲ့တာတွေကို တွေ့ရပါတယ်။