လူတွေ တော်တော်များများ က ထမင်းစားပြီးရင် အိပ်ချင်လေ့ရှိပါတယ်။ အလုပ်ပင်ပန်းလို့ အိပ်ချင်တာကြောင့်လည်း ရှိသလို ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေကြောင့် လည်းဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းများအထဲကမှ ချီစ် တွေမှာ ကယ်ဆီယမ်ဓာတ်တွေအများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ အဲ့ဒီ ချီစ်တွေကို Crackers နဲ့ တွဲစားလိုက်ရင်တော့ အိပ်ချင်သွားပါလိမ့်မယ်။

Almonds စေ့

Almonds စေ့တွေမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ Tryptophan ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒီဓာတ်တွေက အိပ်ချင်ဟော်မှုန်းတစ်မျိုးဖြစ်တဲ့ Melatonin ဟော်မှုန်းကို ထုတ်လုပ်ပေးပါတယ်။ ဒီအစေ့တွေက မဂ္ဂနီဆီယမ်ပါဝင်ပြီး ကြွက်သားတွေ တင်းနေတာတွေကို လျော့အောင် လုပ်ပေးကာ အိပ်ချင်လာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါဝင်တဲ့ သကြား၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေက အိပ်ချင်တဲ့ ဟော်မှုန်းကိုထုတ်လုပ်ပေးနိုင်တဲ့ Tryptophan ဓာတ်တွေ ပါဝင်ပါတယ်။

ဖရုံစေ့

ဖရုံစေ့က Tryptophan ဓာတ်တွေအပြင် Zinc နဲ့ မဂ္ဂနီဆီယမ် ကွန်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒီကွန်ပေါင်းတွေက ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး အိပ်ချင်လာအောင် လုပ်ဆောင်ပေးပါတယ်။

အဖြူရောင်ဆန်

အဖြူရောင်ဆန်မှာ Glycemic Index ပါဝင်တာကြောင့် ထမင်းစားပြီး ၃ နာရီကနေ ၄ နာရီလောက်အထိ အိပ်ချင်တဲ့ ခံစားချက်ကို ခံစားနေရမှာပါ။

ငါး

အထူးသဖြင့် Oily Fish တွေဖြစ်တဲ့ ဆယ်မွန် နဲ့ တူနာငါးတွေက Melatonin ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီ ဓာတ်က စိတ်ဖိစီးမှု ဟော်မှုန်းကို လျော့ချပေးပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။