တစ်ချို့အစားအစာတွေဟာ စားပြီးခဏလေးကြာရင် အိပ်ချင်တဲ့စိတ်ကိုဖြစ်ပေါ်လာစေတယ်။အဲဒီအရာက အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေရုံမက အလုပ်လုပ်နေရတဲ့အချိန်မျိုးဆိုရင် အဲ့ဒီစိတ်ကိုတွန်းလှန်နိုင်ဖို့က အခက်အခဲတစ်ခုလိုဖြစ်စေပါတယ်။ ဒါကလည်း ကျွန်မတို့နေ့စဉ်စားသုံးတဲ့ အစားအစာအမျိုးအစားနဲ့သက်ဆိုင်ပါတယ်။
ဒါကြောင့် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အစားအစာများကို သိရှိနိုင်ဖို့အတွက် ပြောပြပေးချင်ပါတယ်။

၁။ဒိန်ခဲ

နို့ထွက်ပစ္စည်းတော်တော်များများမှာ ဒိန်ခဲများပါဝင်နေပြီး ၎င်းက ကယ်လ်ဆီယမ်ပမာဏများစွာပါဝင်သောကြောင့် စိတ်အပန်းဖြေမှုကိုအများဆုံးဖြစ်ပေါ်စေပါတယ်။ ဒိန်ခဲထဲကို crackers ထည့်တာက tryptophan ကို ပိုမိုအားကောင်းစေတဲ့အတွက် အိပ်ချင်တဲ့စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။

၂။ ဌက်ပျောသီး

ဌက်ပျောသီးတွင် ပါဝင်သော အချိုဓါတ်၊ ပိုတက်စီယမ်နှင့်မဂ္ဂနီဆီယမ်တို့က tryptophan ကို သင့်ဦးနှောက်ထဲသို့အလွယ်တကူရောက်စေပြီး အိပ်ချင်စေနိုင်ပါတယ်။

၃။ချယ်ရီသီး

အထူးသဖြင့် tart ချယ်ရီသီးအမျိုးအစားတွင်အတော်လေးမြင့်မားတဲ့ melatonin ပါဝင်ပါတယ်။ဒါပေမယ့်လည်း လတ်ဆတ်သောချယ်ရီသီးကို လက်တစ်ဆုပ်စာ စားတာနဲ့ ခြားနားမှုမရှိပါဘူး။ချယ်ရီသီးဖျော်ရည်တစ်ခွက်သောက်ခြင်းကလည်း သင့်ကို အချိန်မရွေးအိပ်စေနိုင်ပါတယ်။

၄။ဖရုံစေ့

ဗရုံစေ့ တစ်နေ့ကို လက်တစ်ဆုပ်စာစားရင် ကင်ဆာနဲ့ တခြား ရောဂါတွေကို ကာကွယ်နိုင်

ဖရုံသီးအစေ့တွင် tryptophan အပြင် သွပ်နှင့်မဂ္ဂနီစီယမ်ပမာဏများစွာပါ၀င်တယ်။အဲဒီဒြပ်ပေါင်းများကသင့်ကိုတည်ငြိမ်စေပြီး ငိုက်မြည်းစေပါတယ်။ ခဏလေးအတွင်းမှာလည်း အိပ်ငိုက်စေတဲ့စိတ်ကို ပြင်းပြင်းပျပျလှုံဆော်ပေးတဲ့အတွက် သင်ရုန်းမထွက်နိုင်ပါဘူး။


၅။ဆန်ဖြူ

ဆန်ဖြူတွင် မြင့်မားသော glycemic အညွှန်းကိန်းရှိပြီး သင်ထမင်းစားပြီးတာနဲ့ ၃နာရီမှ ၄နာရီလောက်ထိ အိပ်မောကျစေခြင်းကို ဖြစ်ပေါ်စေပါတယ်။ သုတေသီများတွေ့ရှိချက်များအရ စံပယ်ဆန်က အခြားဆန်အမျိုးအစားများထက် ပိုမိုလျှင်မြန်စွာအိပ်စက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။