ဝနေတဲ့ သူက ပိန်ချင်သလို၊ ပိန်ချင်တဲ့သူတွေကလည်း ကိုယ်အလေးချိန်တက်ပြီး ပြည့်ပြည့်လေး ဖြစ်ချင်ကြပါတယ်။

တချို့ဆို ဘယ်လောက်ဘဲ Gym ဆော့ဆော့ ကိုယ်အလေးချိန်တက်ဖို့၊ ကြွက်သားတွေ တက်ဖို့ ခက်ခဲကြပါတယ်။

ဒီလို အခြေအနေမျိုးကျရင် ကိုယ်စားနေတဲ့ အစားအစာတွေကိုပြန်ဂရုပြုပြီး ကြည့်သင့်ပါတယ်။ ကိုယ်စားနေတဲ့ အစားအစာတွေမှာ ကိုယ်အလေးချိန်တက်ဖို့ လိုအပ်တဲ့ အစားအစာတွေပါဝင်သလားဆိုတာကြည့်ရှုပြီး ပြောင်းလဲ စားသင့်ပါတယ်။

နွားနို့

နွားနို့ကို ကိုယ်အလေးချိန်တက်ချင်သူတွေ၊ ကြွက်သားထွက်ချင်သူတွေ စားသုံးသင့်ပါတယ်။ နွားနို့မှာ ပရိုတင်းဓာတ်၊ Carbs နဲ့ အဆီဓာတ်တို့ မျှတစွာပါဝင်ပါတယ်။ ကယ်ဆီယမ်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ကြွက်သားတက်ချင်တဲ့ အမျိုးသားတွေအတွက်လည်း အလေးနဲ့ကစားပြီး နွားနို့လည်း သောက်သင့်ပါတယ်။

တစ်နေ့ကို နွား နို့ အနည်းဆုံး ၁ ခွက်ကနေ ၂ ခွက်လောက် သောက်သုံးသင့်ပါတယ်။

ထမင်း

ထမင်းက ကိုယ်အလေးချိန်တက်ဖို့ အကောင်းဆုံးနဲ့ဈေးအသက်သာ ဆုံး အစားအစာပါ။ ချက်ထားတဲ့ ထမင်း ၁ခွက်စာမှာ ကယ်လိုရီ ၁၃၀ လောက်ပါဝင်ပြီး Carbs က 43 ဂရမ်နဲ့ အဆီက 6 ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်တက်ချင်ရင် ကိုယ်စားနေတဲ့ ထမင်း ကို တဖြည်းဖြည်းချင်း များများ စားပေးပါ။

အခွံမာအသီးနဲ့ အခွံမာအသီးကနေ ပြုလုပ်ထားတဲ့ ထောပတ်တွေ

အခွံမာအသီးနဲ့ အခွံမာအသီးကနေ ပြုလုပ်ထားတဲ့ ထောပတ်တွေကလည်း သင့်ကိုယ်အလေးချိန်ကို တက်စေပါတယ်။

Almonds စေ့ လက်တစ်ဆုပ်စာမှာ ပရိုတင်း ၇ ဂရမ်၊ အဆီဓာတ် ၁၈ ဂရမ်ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာဖြစ်တာကြောင့် တစ်နေ့ကို လက်နှစ်ဆုပ်စာလောက် စားရင်တောင် ကယ်လိုရီ ၁၀၀ ကျော်နေပါပြီ။

အခွံမာအသီးတွေကနေ ပြုလုပ်ထားတဲ့ ထောပတ်မှာ ကယ်လိုရီတွေပါဝင်မှုများတာကြောင့် စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် သကြားနဲ့ တခြား ဆီတွေမပါဝင်တဲ့ ထောပတ်ကို ရွေးချယ်သင့်ပါတယ်။