အစာလည်းဆေး ဆေးလည်းအစာပါပဲနော်။ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုတွေက ကျွန်မတို့ရဲ့ ကျန်းမာရေးရလဒ်တွေပါပဲ။ ကင်ဆာကင်းဝေးအောင် စားရမယ့် အစားအစာ ၁၀ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ ကန်စွန်းဥ

Sweet Potatoes

ကန်စွန်းဥမှာ Beta-Carotene ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ Beta-Carotene ပါဝင်တဲ့အစာအစာတွေဟာ ကင်ဆာဖြစ်ပွားမှုကို လလျှာ့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အဆုတ်၊ အူမကြီးနဲ့ အစာအိမ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ဘယ်ရီသီးတွေ

လေ့လာတွေ့ရှိမှုအရ ဘယ်ရီသီးတွေဟာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချပေးနိုငတဲ့အသီးတွေဖြစ်ပါတယ်။ အဲဒီအသီးတွေမှာပါဝင်တဲ့ Antioxidant တစ်မျိုးက ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၃။ မြေပဲ နဲ့ မြေပဲထောပတ်

ဗီတာမင် E ပါဝင်တဲ့အစားအစာတွေဟာ အစာအိမ်၊ အူမကြီး၊ အဆုတ်၊ အသည်းနဲ့ တခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်E ပါဝင်တဲ့ မြေပဲ၊ မြေပဲထောပတ်၊ ဗာဒံသီးတွေ၊ နေကြာစေ့တွေကို စားပေးပါ။

၄။ ဆဲလ်မွန်ငါး

ဗီတာမင် D စားသုံးမှုနည်းတာဟာ အူမကြီးနဲ့ ရင်သားကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ သုတေသနပြုချက်အရ ဗီတာမင် D ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆဲလ်မွန်ငါးမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်ပါတယ်။

၅။ နနွင်းမှုန့်

နနွင်းမှုန့်ကို ဟင်းလျာတွေမှာ ထည့်ပြီးစားသုံးပေးရုံနဲ့ ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။

၆။ လက်ဖက်

လက်ဖက်မှာ ကင်ဆာဆဲလ် ကြီးထွားမှုကို တားဆီးပေးတဲ့ ဂုဏ်သတ္တိတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် အစာအိမ်ကင်ဆာ လျှောချဖို့ Green Tea ကိုသောက်သုံးကြပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း Green Tea ကိုဆေးဖြစ်ဝါးဖြစ်သောက်သုံးကြပြီး အခုလို သောက်သုံးတဲ့သူတွေဟာ မသောက်သုံးတဲ့သူတွေထက် ကင်ဆာကင်းဝေတာကို သက်သေပြနိုင်ခဲ့ပြီးပါပြီ။

၇။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းအပါအဝင် အသီးအနှံတော်တော်များများမှာ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ Phytonutrients ဆိုတဲ့ ဓါတ်တွေလည်းပါဝင်ပြီး ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီတွေမှာ အဲဒီဓါတ်ပါဝင်ပါတယ်။

၈။ သလဲသီး

လက်တွေ့ခန်းမှာ စမ်းသတ်ချက်အရ သလဲသီးဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သလဲသီးလို Ellagic Acid ပါဝင်တဲ့ စတော်ဘယ်ရီ၊ သစ်ချသီး၊ စပျစ်သီး စတာတွေကိုလည်း စားပေးနိုင်ပါတယ်။

၉။ Grapefruit

ဗီတာမင် C ကြွယ်ဝတဲ့ Grapefruit၊ လိမ္မော်သီး၊ ငရုတ်ပွသီး စတာတွေကို စားပေးတာဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ ဒါ့အပြင် တခြားကင်ဆာအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။