စူပါမားကတ်တွေနဲ့ ဈေးတွေကိုသွားပြီး ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေဝယ်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်အတွက်ရော မိသားစုဝင်တွေအတွက်ရောပါ အသုံးဝင်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အရာတွေကိုပဲဝယ်ဖို့ ခေါင်းထဲမှာအမြဲရှိနေတာပါ။

ဒါပေမယ့် တစ်ခါတလေမှာ သာမန်စားသုံးနေကျ အစားအစာတွေပင်လျှင် သတိမထားမိပါက အန္တရာယ်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်စေနိုင်သလဲနဲ့ ဒီလိုပြဿနာတွေမဖြစ်အောင်ရော ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဆလပ်ရွက်

Source: Business Insider

Public Interest ရှိ သုတေသီတွေဟာ ဘယ်လိုအစားအသောက်တွေက အစာအဆိပ်သင့်မှုကိုဖြစ်စေနိုင်သလဲဆိုပြီး ၁၂ နှစ်နီးပါ ရှာဖွေလေ့လာခဲ့တဲ့အခါမှာ နံပါတ်တစ်တွေ့ရှိခဲ့တာက ဆလပ်ရွက်တွေပါပဲ။

ဘယ်လောက်ပဲသေချာထုပ်ပိုးထားပြီး ရေဆေးထားပါတယ်ပဲပြောပြော ဆလပ်ရွက်တွေဟာ တစ်ရွက်နဲ့တစ်ရွက်ပူးကပ်နေလို့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေစုဝေးနေနိုင်တာကြောင့် အိမ်ကိုဝယ်လာပြီဆိုတာနဲ့ သေချာပြောင်စင်အောင် ပြန်လည်ဆေးကြောဖို့လိုအပ်ပါတယ်။

ကြက်ဥ၊ ဘဲဥများ

Source: Reader’s Digest

ရောဂါပိုးတစ်ခုခုကူးစက်ထားတဲ့ ကြက်၊ ဘဲတို့က ဥလိုက်တဲ့ ဥတွေကို ကလေးသူငယ်တွေ၊ လူကြီးသူမတွေနဲ့ ကိုယ်ခံအားနည်းသူတွေ စားသုံးမိပါက ဝမ်းပျက်ဝမ်းရောနဲ့ ရောဂါပိုးတွေ ကူးစက်သွားနိုင်တာကြောင့် ကြက်ဥ၊ ဘဲဥတွေကိုလည်း အိမ်ဝယ်လာတိုင်းမှာ မချက်ပြုတ်ခင် သေချာပြောင်စင်အောင် ရေနဲ့ဆေးကြောပေးရပါမယ်။

ကြက်သား

Source: BrightSide

ကြက်သားအစိမ်းကနေကျသွားတဲ့ အရည်တစ်စက်ကတဆင့် Campylobacter လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကို လူသားဆီကူးစက်သွားကာ ဖျားနာခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်လာစေနိုင်ပါတယ်။ ပျံ့နှံနှုန်းကလည်း အင်မတန်မြန်ဆန်တာကြောင့် ကြက်သားတွေကို လှီးဖြတ်ပြီးတိုင်း စဉ့်နှီတုံးတွေ၊ ဓားတွေကို ရေစင်အောင် သေချာဆေးပါ။

ကြက်အူချောင်းများ

Source: VideoBlocks

Sausage 12 ရာခိုင်နှုန်းလောက်မှာ E. coli ခေါ် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးနဲ့ Listeriosis ခေါ် သားလျှောရောဂါပိုးတွေ ကပ်ညှိနေနိုင်တာကြောင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးသူမတွေ၊ ကိုယ်ဝန်သည်များ၊ မွေးကင်းစကလေးငယ်များနှင့် ၁ နှစ်မပြည့်သေးတဲ့ သားငယ်သမီးငယ်တို့အတွက် အင်မတန်အန္တရာယ်ရှိပါတယ်။ ထိုမှတဆင့် အကြောစနစ်ပျက်စီးမှုနှင့် ဦးနှောက်ယောင်ပြဿနာများကို ကြုံတွေ့လာရနိုင်ပါတယ်။

ဆိုဒါအအေးများ

Source: BrightSide

အဝလွန်ခြင်းနှင့် အသည်းပျက်စီးခြင်းတို့အပြင် ဆိုဒါအအေးတွေ မသောက်သုံးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အရိုးတွေကြောင့်ပါပဲ။ ဆိုဒါအအေးတွေမှာ ဖော့စ်ဖောရစ်အက်စစ်နှင့် ကဖင်းဓာတ်နှစ်ခုလုံးပါဝင်တာကြောင့် အရိုးသိပ်သည်းမှုကို လျော့ကျစေကာ အရိုးပွရောဂါတွေ ခံစားလာရစေနိုင်ပါတယ်။

Featured Image Source: The Foodstate Company