အသီးအရွက်တွေကို အလွယ်တကူ မပုပ်သိုးဘဲ ကြာရှည်ခံမယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

အစိမ်းရောင်အရွက်တွေ

အစိမ်းရောင်အရွက်တွေကို ကြာရှည်ခံချင်ရင် ပန်းအိုးထဲမှာ အမြစ်ကို စိုက်ထားပြီး အပြင်ဘက်မှာ ပလပ်စတစ်နဲ့ ပတ်ထားရင် ကြာရှည်ခံပါတယ်။

ဖရဲသီး

ဖရဲသီးတွေကို အပူချိန် ၃၅ ဒီဂရီ ဖာရင်ဟိုက် မှာ သိမ်းဆည်းတာက အကောင်းဆုံးပါဘဲ။ ဖရဲသီးတွေကို အဝတ်လေးတွေနဲ့ပတ်ပြီး ကောက်ရိုးထဲမှာ ခြောက်သွေ့ပြီး အေးမြတဲ့နေရာမှာ သိမ်းထားရင် ကြာရှည်ခံပါတယ်။

ပန်းသီး

ပန်းသီးကို စာရွက် (သတင်းစာ မဟုတ်ပါ) နဲ့ ပတ်ပြီး ခြောက်သွေ့ပြီး အေးမြတဲ့နေရာမှာ သိမ်းထားရင် ကြာရှည်ခံပါတယ်။

ငါး

ငါးတွေကို ဖမ်းပြီးပြီးချင်း သေဆုံးသွားပြီးနောက်မှာ ရေခဲဗူးဒါမှမဟုတ် ရေခဲထဲမှာ ထည့်ထားရင် ၂ ရက်ကနေ ၃ ရက်အတွင်း ထားလို့ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေရဲ့ ထိပ်ကို အပေါ်မှာထားပြီး ပန်းကန်တစ်လုံးထဲ သို့မဟုတ် box တစ်ခုတည်းထည့်ထားပြီး အေးတဲ့နေရာမှာ သိမ်းထားရင် ကြာရှည်ခံပါတယ်။

ဂျင်းတွေကို အရသာမပျက်ဘဲ ကြာရှည်ခံချင်ရင်

ဂျင်းတွေကို နေပူထဲမှာ အနည်းငယ်လှန်းပေးပြီး ရေနွေးပူပူထဲထည့်ကာ ရေခဲသေတ္တာထဲထည့်သိမ်းထားလို့ရပါတယ်။

စပျစ်သီး

စပျစ်သီးတွေကို ခြောက်သွေ့ပြီး အေးပြီး လေဝင်လေထွက်ကောင်းတဲ့အခန်းထဲမှာ တွဲလျက်ချိတ်ထားရင် ကြာရှည်ခံပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက်

ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက်တို့ကို ကြာရှည်ခံချင်ရင် အလူမီနီယမ် အပတ်နဲ့ အောက်ပိုင်းလေးတွေ ပတ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားပေးပါ။