သွေးတိုးရောဂါဆိုတာ သွေးလွှတ်ကြောထဲမှာ သွေးဖိအားတွေများနေတာဖြစ်ပြီး ကြာလာရင် နှလုံးရောဂါ၊ ကျောက်ကပ်၊ လေဖြတ်တာနဲ့ တခြား ရောဂါတွေဖြစ်နိုင်ပါတယ်။

သွေးတိုးက တခါတလေ ဘာရောဂါ လက္ခဏာမှ မပြတာကြောင့် အသံတိတ်လူသတ်သမားလို့တောင် တင်စားကြပါတယ်။

သွေးတိုးရောဂါရှိသူတွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်တို့ကိုများများစားပြီး ဆီုဒီယမ်ဓာတ်ကို လျော့နည်းစွာစားသုံးသင့်ပါတယ်။

အစိမ်းရောင်အရွက်များ

ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတဲ့ အစိမ်းရောင်အရွက်များမှာ

ကိုက်လန်

ခေါလတ်ရွက် (Collard Greens)

Spinach စသည်တို့ဖြစ်ပါတယ်။

ပိုတက်ဆီယမ်ဓာတ်က ကျောက်ကပ်ကို ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေကို ဆီးကနေ များများ စွန့်ထုတ်နိုင်အောင်ကူညီပေးတာကြောင့် သွေးတိုးကျစေပါတယ်။

ဘယ်ရီသီးများ

<

ဘယ်ရီသီးတွေဖြစ်တဲ့ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ Flavonoids ဆိုတဲ့ ကွန်ပေါင်းဓာတ်ပါဝင်ပါတယ်။ အဲ့ဒီကွန်ပေါင်းက သွေးတိုးကို ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

ဒါ့ကြောင့် မနက်စာအဖြစ် အုတ်ဂျုံ (ကွေကာအုပ် လိုမျိုး) မှာ ဘယ်ရီသီးတွေထည့်ပြီး စားလို့ရပါတယ်။

အဆီထုတ်ထားတဲ့ နွားနို့ နဲ့ဒိန်ချဉ်

အဆီထုတ်ထားတဲ့ နွားနို့မှာ ကယ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အဆီပါဝင်မှုလည်း နည်းပါတယ်။

အမေရိကန် နှလုံး ကျန်းမာရေးအဖွဲ့ကပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ တစ်ပတ်ကို ဒိန်ချဉ် ၅ ခါအထက် စာသုံးတဲ့ အမျိုးသမီးတွေမှာ သွေးတိုးဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းနည်းကြောင်း တွေ့ရပါတယ်။

အုတ်ဂျုံ (Oatmeal)

အုတ်ဂျုံ (Oatmeal) မှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆီပါဝင်မှုနည်းပြီး ဆိုဒီယမ်ဓာတ်ပါဝင်မှုလည်း နည်းပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အုတ်ဂျုံ (Oatmeal) ထဲကို ငှက်ပျောသီးလေး လှီးပြီး စားပေးသင့်ပါတယ်။

အစေ့များ

နေကြာစေ့၊ ဗရုံစေ့ စတဲ့ အစေ့တွေမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ တခြား သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။