သွားလေးတွေကို ထိခိုက်ပျက်စီးစေတဲ့ အစားအစာတချို့ရှိပါတယ်။ အဲဒီအစားအစာတွေဟာ သွားနဲ့ပတ်သက်လို့ ဆိုးကျိုးတွေ ရှိစေပါတယ်။

အခုပြောပြမယ့် အစားအစာတွေဟာ သွားတွေကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သတိမထားမိဘဲ ကျွန်မတို့ နေ့စဉ်စားသုံးမိနေတဲ့ အစားအစာတွေပါပဲ။

စာဖတ်သူတို့ သွားလေးတွေ တစ်ကြိမ်ပျက်စီးသွားပြီဆိုတာနဲ့ ဘယ်လို ဆေးဝါးတွေနဲ့မှ သဘာဝအတိုင်း ပြန်ကောင်းလာအောင် ပြန်လုပ်လို့မရပါဘူး။ ဒါ့ကြောင့် သွားကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ စကားပါးလိုက်ချင်ပါတယ်။

သွားလေးတွေကို ထိခိုက်ပျက်စီးစေတဲ့ အစားအစာတွေကို ဖော်ပြပေးမယ်နော်။

၁။ သကြားလုံးတွေ

ချိုချဉ်တွေ၊ သကြားလုံးတွေဟာ သွားတွေရဲ့ မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေပြီး အရည်ပျော်ဝင်ဖို့အတွက် အချိန်ကြာတာမို့ သွားလေးတွေအတွက် မကောင်းပါဘူး။ မာပြီး ချိုတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွားတွေကို ကျိုးကြေလွယ်စေလို့ ဂရုစိုက်သင့်ပါတယ်။

၂။ အက်ဆစ် ဓာတ်သတ္တိ ရှိသော အစားအစာ

သံပုယိုသီး၊ လိမ္မော်သီး၊ခရမ်းချဉ်သီး၊ စပျစ်သီး စတဲ့ အက်ဆစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ သွားတွေကို ပျက်စီးစေတယ်လို့ သွားဆရာဝန် Dr. Dabholkar ကဆိုပါတယ်။ အဲဒီလို အစားအစာတွေကို စားပြီးရင် ပလုတ်ကျင်းတာမျိုး လုပ်သင့်ပါတယ်။

၃။ ဝါးစားလို့ရတဲ့ ဆေးပြားတွေ

ဝါးစားလို့ရတဲ့ ဆေးပြားတွေမှာ အက်ဆစ်ဓာတ်တွေ ပါဝင်လို့ သွားတွေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အဲဒီလို စားပြီးရင်လည်း ပလုတ်ကျင်းပေးတာမျိုး လုပ်သင့်ပါတယ်။

၄။ စေးကပ်တဲ့ အစားအစာတွေ

သရေစာတွေ၊ သွားတွေမှာ စေးကပ်စေတဲ့ အစားအစာတွေ (ဥပမာ- ပေါင်မုန့်၊ ပီဇာ၊ ပါစတာ၊ အာလူး) စတဲ့ အစားအစာတွေဟာ ချိုလည်း မချို သကြားဓာတ်လည်းမပါပေမယ့် သွားတွေကို ထိခိုက်ပျက်စီးစေပါတယ်။

၅။ သကြားပါဝင်သော အချိုရည်များ

သကြားပါဝင်တဲ့ အချိုရည်တွေ ပုံမှန်သောက်ရင် သွားလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။

၆။ အခြောက်ခံထားတဲ့ သစ်သီးတွေ

အခြောက်ခံထားတဲ့ သစ်သီးတွေကို သရေစာအဖြစ် ပုံမှန်လိုလို စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ သွားတွေမှာ အစားအစာတွေ ကျန်ရစ်ခဲ့မှာမို့ သွားချေးတွေ ကပ်စေပြီး သင့်ရဲ့ သွားလေးတွေကို ယိုယွင်းလာစေပါတယ်။

၇။ အရက် နဲ့ ဝိုင်

အရက်နဲ့ ဝိုင်တွေဟာ သွားတွေကို ထိခိုက်ပျက်စီးစေသလို သွားဖုံးရောဂါဖြစ်စေနိုင်ပါတယ်။ အရက်နဲ့ ဝိုင်ဟာ ခံတွင်းက ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် အက်ဆစ်ဓာတ်ပါဝင်လို့ သွားကြွေလွှာတွေအတွင်း ပျော်ဝင်စေပြီး သွားကို ပျက်စီးစေနိုင်တဲ့အတွက် အမြဲသောက်သုံးဖို့ မသင့်တော်ပါဘူး။

သွားလေးတွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ဖို့ မိုက်ခရိုကယ်လ်ဆီယမ်နဲ့ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ပေးခြင်းဖြင့် သွားပိုးစားခြင်း၊ သွားတွေ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်လိုက်ပါ။