တလားဗီးယား ငါး

အမေရိကန်ပြည်ထောင်စုကို တင်ပို့နေတဲ့ တလားဗီးယား ငါး ၈၀ ရာခိုင်နှုန်းက တရုတ်ကနေ လာတာဖြစ်ပါတယ်။ တလာဗီးယားငါးတွေက ရှိသမျှ အစားအစာအကုန်စားပါတယ်။ တလားဗီးယားငါးတွေကို ရေထုညစ်ညမ်းတဲ့ဆီမှာ မွေးလေ့ရှိတာကြောင့် သတိထားပြီး စားသင့်ပါတယ်။

ပန်းသီး

အမေရိကန်ပြည်ထောင်စုမှာ ရောင်းချနေတဲ့ ပန်းသီးဖျော်ရည် ၅၀ ရာခိုင်နှုန်းက တရုတ်ကနေ တင်ပို့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အသီးအနှံတွေ စိုက်ပျိုးရင် ဓာတု ဆေးဝါးတွေကို အလွန်အကျွံသုံးလေ့ရှိပါတယ်။ ဒါကြောင့် အော်ဂန်းနစ် ပန်းသီးတွေကို ဝယ်ပြီး ဖျော်သောက်တာက ပိုကောင်းပါတယ်။

<
တရုတ် ကြက်သွန်နီ

အမေရိကန်ပြည်ထောင်စုမှာ ရောင်းချနေတဲ့ ကြက်သွန်နီ ၃၁ ရာခိုင်နှုန်းက တရုတ်ကနေ တင်ပို့တာဖြစ်ပါတယ်။ ကြက်သွန်နီကို စိုက်ပျိုးရာမှာ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးတတ်ပြီး အထူးသဖြင့် Methyl Bromide ကို သုံးကြတာကြောင့် သတိထားသင့်ပါတယ်။

ပလပ်စတစ်ဆန်

တရုတ်ကနေ ပလပ်စတစ်ဆန်တွေကို တင်ပို့နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ချက်လိုက်ရင် ပိုပြီး မာကြောသွားပြီး ဆန်အစစ်လို နူးနူးညံ့ညံ့ မဟုတ်ပါဘူး။ ပလပ်စတစ်ဆန်တွေက ဆန်အစစ်မဟုတ်ပေမယ့် ပလပ်စတစ်နဲ့ လုပ်တာမဟုတ်ပါဘူး။ အာလူးနဲ့ Resin ဓာတ်တွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။