သကြားစားသုံးမှု များတာဟာ လူတိုင်းအတွက် မကောင်းဘူးဆိုတာစာဖတ်သူတို့လည်း သိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

၁။ အသင့်လုပ်ပြီး အသီးဖျော်ရည်

အသီးဖျော်ရည်တွေမှာ တချို့က အသီးရဲ့ သဘာဝအရသာထက် သကြား များများထည့်ပြီး ဖျော်သောက်ကြပါတယ်။ အဲဒီလို သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။ အသီးဖျော်ရည်သောက်မယ်ဆို သံပုရာရည်၊ စတော်ဘယ်ရီဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်တွေကို သောက်သင့်ပါတယ်။

၂။ အခြောက်ခံထားတဲ့ အသီးတွေ

အသီးတွေကို အခြောက်ခံတဲ့အခါ အသီးမှာ ပါဝင်တဲ့ ရေဓာတ်ကို ဖယ်ရှားပြီးသားဖြစ်ပြီး သကြား ပါဝင်မှု အရမ်းမြင့်မားပါတယ်။ စူပါ မားကတ်တွေမှာ အများကြီးတွေ့ရလေ့ရှိတဲ့ အခြောက်ခံထားတဲ့ အသီးတွေကို ရှောင်သင့်ပါတယ်။အဲဒီအသီး ခွက်တစ်ဝက်မှာ ကယ်လိုရီ ၁၇၀ ပါဝင်ပါတယ်။

၃။ အသင့်လုပ် အချိုရည်တွေနဲ့ အားဖြည့်အချိုရည်တွေ

အသင့်လုပ်ထားပြီး သောက်သုံးနိုင်တဲ့ အချိုရည်တွေ အားဖြည့်အချိုရည်တွေဟာ သကြားပဝင်မှု များတဲ့အပြင် ကယ်လိုရီလည်း များများပါဝင်ပါတယ်။ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်သင့်ပါတယ်။

၄။ ယိုများ

ယိုတွေဟာ ပိုပြီး ချိုပါတယ်။ ဆီးချိုအခံရှိတဲ့ မိသးစုဝင်တွေဆို လုံး၀ ရှောင်သင့်ပါတယ်။ သစ်သီးယိုတွေမှာဆို သကြား ၄၀% ကျော်ပါဝင်နေပါတယ်။

၅။ ကွတ်ကီးနဲ့ ကိတ်မုန့်တွေ

ကွတ်ကီးတွေ ကိတ်မုန့်တွေမှာလည်း သကြားပါဝင်မှု မြင့်မားလို့ အလွန်အကျွံမစားသင့်ပါဘူး။ တစ်လမှာ တစ်ခါလောက်စားတာ ကိစ္စမရှိပေမယ့် နေ့တိုင်း စားသုံးရင် သင့်ကိုယ်အလေးချိန်တက်လာစေနိုင်သလို အသားအရေလည်း မလှပါဘူး။

၆။ အအေးခံထားတဲ့ အစားအစာနဲ့ အချိုရည်တွေ

ဥပမာ သကြားပါဝင်မှုများတဲ့ အသင့်လုပ်ပြီးသား ဒိန်ချဉ်တွေ၊ တခြား အအေးခံထားတဲ့ အချိုရည်တွေ၊ ရေခဲချောင်းတွေ၊ Milkshakes တွေဟာ အရသာရှိပေမယ့် သကြားပါဝင်မှု ၂၅% ရှိပါတယ်။