ငါး

ငါးတွေက လူတွေကို အသက်ရှည်ကျန်းမာအောင် လုပ်ပေးနိုင်တဲ့ အဓိက အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့အသက်ရှည်ဆုံး လူမျိုးတွေက ဂျပန်တွေဖြစ်လာပြီး သူတို့က အဓိက ငါးကိုဘဲ စားသုံးကြပါတယ်။ ငါးတွေမှာ Omega – 3 Fatty အက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တခါတလေ မွေးမြူရေး မဟုတ်တဲ့ ငါးတွေက မာကျုရီဓာတ်တွေ များတာကြောင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးဖို့ သတိထားသင့်ပါတယ်။

Green Tea

သောက်သုံးရေပြီးရင် ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီအညွတ်ဆုံးကတော့ Green Tea ဘဲဖြစ်ပါတယ်။ Green Tea မှာ Antioxidants တွေ အမြောက်အမြားပါဝင်တာကြောင့် ဆဲလ်တွေကို ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

သလဲသီး (Pomegranates)

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အာရုလူမျိုးတွေရဲ့ ဆေးဘက်ဝင် အသီးအဖြစ် သတ်မှတ်ထားခံခဲ့ရတဲ့အသီးပါဘဲ။ သူတို့မှာ အနီရောင် ရင့်ရင့်ရှိပြီး Polyphenols လို့ခေါ်တဲ့ Antioxidant တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ကလည်း ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဘက်တီးရီးယားတွေ ထုတ်ပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်တိုင်းကတော့ ကျန်းမာရေးအတွက် ကောင်းတာမဟုတ်ပါဘူး။ တချို့ ဒိန်ချဉ်တွေဆိုရင် သကြားလုံးထက်တောင် သကြားပါဝင်မှု များနေပါသေးတယ်။ အဲ့လို ဒိန်ချဉ်မျိုးကတော့ မကောင်းပါဘူး။ သကြားပါဝင်မှုနည်းပြီး၊ ဗန်ဒါသီး၊ အုန်းသီး၊ သီဟိုဠ်စေ့ စတာတွေနဲ့ လုပ်ထားတဲ့ ဒိန်ချဉ်ကတော့ အကောင်းဆုံးပါဘဲ။

ပဲမျိုးစုံ

ခန္ဓာကိုယ်အတွက် အဓိက အရေးကြီးတဲ့ အစားအစာကတော့ ပဲမျိုးစုံဘဲဖြစ်ပါတယ်။ ပဲတွေမှာက ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် လိုင်ဆင်း အမိုင်နိုအက်ဆစ် တောင် ပါဝင်ပြီး လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် Folate B Complex vitamin တွေပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အိုင်းယွန်းနဲ့ ဇန့် ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

Antioxidants

Antioxidants ဆိုတာ ဓာတ်တမျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားတွေ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက ပျက်စီးမှုတွေပြန်လည် ပြုပြင်ဖို့အတွက် အားပေးတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Brigham Young တက္ကသိုလ်ရဲ့ ၂ နှစ်ကြာ လေ့လာထားတဲ့ သုတေသန ပြုချက်အရ Antioxidants ပါဝင်တဲ့ အစားအစာ စားသုံးမှုများတဲ့သူဟာ အိုမင်းရင်းရော်မှုနှုန်းနည်းပြီး၊ အသက်ရှည်ရှည်နေနိုင်ကာ ကျန်းမာရေး လည်း ပိုကောင်းကြောင်းတွေ့ရပါတယ်။

Featured Image source: economywatch.com