အချိန်ကြာလာတာနဲ့အမျှ သွေးလွှတ်ကြောတို့ သွေးပြန်ကြောတို့မှာ အနယ်တွေထိုင်လာကာ သွေးကြောကျဉ်းပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပေါ်လာတတ်ပါတယ်။

ဒါကြောင့် သွေးကြောထဲက အနယ်တွေကို ရှင်းလင်းပေးနိုင်တဲ့ အစားအစာတွေ စားဖို့လိုအပ်ပါတယ်။

tomato

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေမှာ Antioxidant ဓာတ်တစ်မျိုးဖြစ်တဲ့ Lycopene ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး သွေးကြောတွေထဲကို အနယ်ကျစေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေမဖြစ်ပေါ်လာအောင် တားဆီးပေးပါတယ်။

နေ့တိုင်းနီးပါး ခရမ်းချဉ်သီး တစ်လုံးလောက်ကို စားသုံးပေးရင် သွေးကြောကို ကျဉ်းစေတဲ့ အနယ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

22-Best-Benefits-Of-Olive-Oil-Jaitun-Ka-Tel-For-Skin-Hair-And-Health3

သံလွင်ဆီ

သံလွင်ဆီမှာ Non-saturated Fat ပါဝင်တာကြောင့် သွေးထဲက ကိုလက်စထရောတွေ သွေးကြောနံရံမှာ အနယ်ထိုင်တာကို ကာကွယ်ပေးပါတယ်။

nuts

အခွံမာသီး

အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ သီဟိုစေ့၊ သစ်ကြားသီး စတဲ့ အခွံမာသီးတွေက သွေးကြောနံရံတွေ ကျဉ်းတာ၊ပိတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သူတို့မှာ Mono-saturated Fat တွေနဲ့ Omega 3 Fatty အက်ဆစ်ဓာတ်တွေပါဝင်တာကြောင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အခွံမာသီးတွေထဲကမှ သွေးအတွင်း အနယ်ကျမှုအတွက် အကောင်းဆုံး အခွံမာသီးတွေက မြေပဲ၊ Almonds နဲ့ သစ်အယ်သီး တို့ ဖြစ်ပါတယ်။

tumeric

နနွင်း

နနွင်းမှာ Curcumin ဆိုတဲ့ ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်က နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် နှလုံးသွေးကြောပိတ်တဲ့ ရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးလွှတ်ကြောတွေ ပိတ်တာ၊ ပျက်စီးတာတို့ကိုလည်း ကာကွယ်ပေးပါတယ်။