တချို့ အစားအစာတွေက တွဲစားရင် ခန္ဓာကိုယ်က သံဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပိုစုပ်ယူနိုင်တာတွေ ရှိပါတယ်။

Green Tea နဲ့ သံပုရာသီး

Green Tea နဲ့ သံပုရာသီးတို့က တွဲစားရင် Antioxidants ဓာတ်တွေ အများကြီး စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ သံပုရာသီးရဲ့ အရည်က Green Tea ထဲမှာပါဝင်တဲ့ Antioxidants တွေအများကြီးကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

မြေပဲထောပတ်နဲ့ ငှက်ပျောသီး

မြေပဲထောပတ်နဲ့ ငှက်ပျောသီးက ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်အောင် အားပေးပါတယ်။ ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ ပေါင်းပြီး ခန္ဓာကိုယ်က ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ၊ ကြွက်သားရဲ့ တစ်ရှူးတွေ ပျက်စီးမှုကို ပြင်ပေးပါတယ်။

ထောပတ်သီး နဲ့ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါတဲ့ Carotenoids နဲ့ ဗီတာမင် အေတို့နဲ့ ထောပတ်သီးမှာပါတဲ့ အဆီတွေ ပေါင်းစည်းသွားတဲ့အခါမှာ ခန္ဓာကိုယ်အတွက် ပိုပြီး အထောက်အကူပြုစေပါတယ်။

ဂေါ်ဖီထုပ်နဲ့ ဆယ်မွန်ငါး

ဆယ်မွန်မှာပါဝင်တဲ့ ဗီတာမင် D နဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓာတ်တွေကို ဂေါ်ဖီထုပ်မှာပါဝင်တဲ့ ဓာတ်တွေက ခန္ဓာကိုယ် ပိုစုပ်ယူလို့ရအောင် ကူညီပေးပါတယ်။

တို့ဖူးနဲ့ ငရုတ်ပွသီး

ငရုတ်ပွသီးမှာ ဗီတာမင်စီ ဓာတ်က လိမ္မော်သီးမှာပါဝင်တဲ့ ဓာတ်ထက်ပိုများပြီး သံဓာတ် စုပ်ယူမှုကိုလည်း အားကောင်းစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါကြောင့် ငရုတ်ပွသီးနဲ့ ရောပြီး စားလိုက်ရင် ခန္ဓာကိုယ်က တို့ဖူးထဲမှာပါဝင်တဲ့ သံဓာတ်တွေ ပိုစုပ်ယူနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။