လူကသာ ပိန်နေပေမယ့် ခါးမှာ အဆီရှိနေရင်လည်း ကြည့်လို့မကောင်းပါဘူး။ ခါးပတ်လည်၊ ဗိုက်တွေမှာ အဆီတွေ စုနေရင် မြန်မာ အင်္ကျီဝတ်ရတာလည်း အဆင်မပြေသလို ကြည့်လို့လည်း မကောင်းပါဘူး။

ဒါကြောင့် ခါးပတ်လည်က အဆီပိုတွေကို အလျင်အမြန် ကျဆင်းစေမယ့် အစားအစာအကြောင်းကို ဝေမျှချင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် ဗိုက်ပြည့်နေပြီး အဆီမတက်တာကြောင့် ကိုယ်အလေးချိန်လျော့ကျကာ ခါးပတ်လည်က ပိုနေတဲ့ အဆီတွေလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။

အခွံမာအသီးများနဲ့ Almonds စေ့

အခွံမာအသီးတွေ၊ Almonds သီးတွေမှာ Omega-3 နဲ့ ပရိုတင်းဓာတ် တို့ ပါဝင်မှုများပါတယ်။ Almonds အစေ့ကတော့ သွေးအတွင်း သကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ခါးပတ်လည်က အဆီပိုတွေကိုလည်း ကျဆင်းစေပါတယ်။

အခွံမာသီးတွေနဲ့ Almonds တို့ကို အသုတ်တွေမှာထည့်စားတာဖြစ်ဖြစ် အဆာပြေ အစားအစာ အဖြစ် စားသုံးလို့ရပါတယ်။

ထောပတ်သီး

ထောပတ်သီးက အရသာ ကောင်းရုံတင်မကဘဲ သူ့မှာ oleic အက်ဆစ်ဓာတ်ပါဝင်ပြီး ဗိုက်ခဏခဏ မဆာအောင်လည်း ပံ့ပိုးပေးပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ၊ Monounsaturated Fats တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် မတက်အောင် ကူညီပေးပါတယ်။

ဖြစ်နိုင်ရင်တော့ ထောပတ်သီး တစ်နေ့ ၁ လုံး စားသုံးပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင်ကာ အဆီတွေလည်း လျော့ကျစေပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးကို အသုတ်တွေထဲထည့်စားတာ အစိမ်းစားတာမျိုး စားသုံးသင့်ပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ Raspberries၊ Blackberries ၊ Blueberries တို့က ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

သူတို့မှာ Anthocyanins ဓာတ်ပါဝင်တာကြောင့် အမြဲတမ်း ဗိုက်ပြည့်နေသလိုခံစားရပြီး ခန္ဓာကိုယ်ထဲက အဆီနဲ့ သကြားဓာတ်တွေကို လျော့ချပေးပါတယ်။