မကောင်းတဲ့ ကိုလက်စထရောပါဝင်တဲ့ အစားအစာတွေကို စားတာများလာရင် နှလုံးသွေးကြောတွေ တဖြည်းဖြည်း ကျဉ်းလာတတ်ပါတယ်။

နှလုံးသွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးစီးဆင်းမှုတွေမှာ ဖိအားတွေများလာပြီး နှလုံး ကို ပိုပြီး အလုပ်စေခိုင်းသလိုဖြစ်ကာ နှလုံးသွေးကြောပေါက်တာတွေလည်း ဖြစ်စေပါတယ်။

ဒါကြောင့် ကိုယ်ကြိုက်တဲ့ အစားအစာတွေလည်း စားသလို နှလုံးသွေးကြောကျဉ်းတာကို သက်သာဖယ်ရှားပေးနိုင်တဲ့ အစားအစာများကိုလည်း စားသုံးသင့်ပါတယ်။

Green Tea

Source: Harvard Health – Harvard University

Green Tea ကို တစ်နေ့ တစ်ခွက်သောက်သုံးရင် သွေးကြောထဲမှာ အနည်ထိုင်တာတွေကို ကာကွယ်ပေးပြီး သွေးကြောကျဉ်းတာကို သက်သာစေပါတယ်။

အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ဂေါ်ဖီ ပန်းပွင့်နဲ့ Spinach

Source: Food & Wine Magazine

ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေအများကြီးပါဝင်ပါတယ်။ နှလုံးကို ကျန်းမာရေးပိုကောင်းစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။

ထောပတ်သီး

Source: Healthline

ထောပတ်သီးက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပြီး သွေးလွှတ်ကြောအတွင်းမှာရှိတဲ့ အနယ်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အဆီတွေလည်း အများကြီးပါဝင်ပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်က နှလုံးရောဂါကို ကာကွယ်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေကာ ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။