သင်က Snack Food တွေ တဇွတ်ဇွတ်စားနေ တတ်တဲ့သူပါလား။ ကိုယ်အလေးချိန်လည်း ကျချင်တယ် တဇွတ်ဇွတ်စားတာကိုလည်း မလျော့နိုင်တဲ့သူတွေအတွက် ကယ်လိုရီနည်းတဲ့ snack food လေးတွေ လျော့စားကြည့်ကြရအောင်။

အာလူးကြော်အစား ဟင်းသီးဟင်းရွက်အကြော်ကို စားပါ

အာလူးကြော်တွေအစား အိမ်မှာ မုန့်နှစ်နဲ့ ကြွပ်နေအောင် ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်ကြော်လေးကို စားသုံးပေးပါ။ ဒါဆိုရင် အာလူးကြော်စားတာထက်ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဟင်းသီးဟင်းရွက်ကြော်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေအများကြီးပါပါတယ်။

အာလူးကြော်တစ်ထုပ်မှာ ကယ်လိုရီ ၅၃၆ တောင် ပါဝင်ပေမယ့် အိမ်လုပ် မုန့်နှစ်နဲ့ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်ကြော်မှာဆိုရင် ကယ်လိုရီ ၂၂၁ ကယ်လိုရီဘဲ ပါဝင်ပါတယ်။

ရေခဲသေတ္တာထဲမှာ ခဲနေတဲ့ အာလူးကို စားပါ

အာလူးက အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် အာလူးဖုတ်တို့၊ အာလူးထောင်းတို့စားတော့မယ်ဆိုရင် ရေခဲသေတ္တာထဲမှာ ခဲနေအောင်ထားလိုက်ပါ။ ပြီးမှ ထုတ်ပြီး ဖုတ်၊ ပြုတ်စားမယ်ဆိုရင် အပြင်ဘက်မှာထားတဲ့ အာလူးထက်ပိုပြီး ကစီဓာတ်တွေပိုကာ ကယ်လိုရီလည်း နည်းပါတယ်။ အာလူးကို ဖုတ်၊ ပြုတ်ပြီးမှ စားရင် ကယ်လိုရီ ၇၇ ကယ်လိုနီဘဲ ရှိပါတယ်။

အသင့်လုပ်ထားတဲ့ ကွေကာအုပ်ထက် အိမ်လုပ်ကွေကာအုပ်ကို စားပေးပါ

အသင့်လုပ်ထားတဲ့ ကွေကာအုပ်ထက် အိမ်မှာ ကွေကာအုပ်ကို ကျိုပြီး အသီးအနှံတွေနဲ့ရောထားတဲ့ ကွေကာအုပ်ကို စားသင့်ပါတယ်။ သကြားပါဝင်မှုလည်း နည်းတာကြောင့် ကိုယ်အလေးချိန်ကို အမြန်ဆုံး ကျစေပါတယ်။ အိမ်လုပ်ကွေကာအုပ်က ကယ်လိုရီ ၁၈၄ ဘဲ ရှိပေမယ့် အပြင်မှာလုပ်ထားတဲ့ အသင့်စားကွေကာအုပ်တွေမှာတော့ ကယ်လိုရီ ၃၇၅ တောင်ရှိပါတယ်။

ကွတ်ကီးတွေအစား အသီးအနှံတွေကို စားပေးပါ

Snack အစားအစာတွေ စားချင်တဲ့အချိန်ကို ကိုယ်စားမိတဲ့အစားအစာတွေက အချိုတွေဖြစ်နေတတ်ပါတယ်။ ကွတ်ကီးတွေမှာ သကြားဓာတ်တွေပါဝင်တာကြောင့် ကိုယ်အလေးချိန်ကိုတက်စေပြီး တခြားကျန်းမာရေး ဆိုးကျိုးတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွတ်ကီးတွေအစား အသီးအနှံတွေ စားပါ။

ကွတ်ကီးတွေမှာ ကယ်လိုရီ ၄၁၇ ပါဝင်ပေမယ့် အသီးအနှံတွေအများကြီးစားပေမယ့် ကယ်လိုရီ ၅၆ ဘဲ ရှိမှာဖြစ်ပါတယ်။