ဝက်ခြံ ဘယ်ကဖြစ်လာတာပါလိမ့်။ အဆီပြန်တာတွေကော ဘယ်လိုဖြစ်လာတာပါလဲ။

refined-carbs-are-risky

အသားအရေနဲ့ ပတ်သတ်တဲ့ ပြဿနာတွေအားလုံးဟာ ကိုယ်စားလိုက်တဲ့အစားအစာတွေရဲ့ အကျိုးဆက်ပါပဲ။

ချွေးပေါက်ပိတ်စေတဲ့မနက်စာ

dairy-can-clog-your-pores

မနက်စောစောမှာ ချော့ကလက် ဖျော်ရည်သောက်တာ (သို့) ချိစ့်ကိုပုံမှန်စားနေပါသလား။ ဒါဟာ ချွေးပေါက်တွေကို ပိတ်စေပါတယ်။

ဆား

salt-might-make-your-skin-puffy

ဆားက ဝက်ခြံကို တိုက်ရိုက်ဖြစ်တောတွေမဟုတ်ပါဘူး။ ဆားကိုများများစားသုံးတာဟာ ရေဓါတ်လိုအပ်မှုများစေပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

အိုးမင်းရင့်ရော်စေတဲသကြား

sugar-makes-you-look-older

သကြားပါဝင်တဲ့အစားအစာကို ကြိုက်လား။ ကြိုက်ပေမဲ့လည်း များများမစားသုံးပေးသင့်ပါဘူး။ သကြားပါဝင်တဲ့အစားအစာကို များများစားသုံးတာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

အာလူးကြော်

potato-chips-can-age-you

အာလူးကြော်ကို တစ်ချို့က နှစ်နှစ်ခြိုက်ခြိုက်ကိုစားကြပါတယ်။ ကျွန်မလည်းကြိုက်တာပါပဲ။ ဒါပေမဲ့ အာလူးကြော်ကိုများများစားတာဟာ လူကိုဝစေသလို အသားအရေကိုလည်း ရောင်ရမ်းစေပါတယ်။

အရေးကြောင်းဖြစ်စေတဲ့ ထောပတ်

butter-brings-on-the-wrinkles

ထောပတ်ကိုများများစားတာဟာ ကျန်းမာတဲ့အစားအစာတွေကိုစားတဲ့သူထက် အရေးကြောင်းတွေ ပိုများတာတွေ့ရပါတယ်။

ဝက်ခြံဖြစ်စေတဲ့ ပုဇွန်

shellfish-can-cause-acne

ပုဇွန်ကို များများစားတာဟာ ဝက်ခြံဖြစ်စေပါတယ်။ ဒါ့အပြင် အနီရောင်အသားတွေများများစားတာဟာလည်း အသားအရေကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေသလို အိုမင်းရင့်ရော်စေပါတယ်။

အရက်

alcohol-will-leave-your-skin-suffering

အရက်ကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အရက်သောက်တာဟာ အသားအရေကို အဟာရဓါတ်မဖြည့်စွမ်းနိုင်သလို အသားအရေ ခြောက်သွေ့ပြီး အရေးကြောင်းပိုမိုဖြစ်ပေါ်စေပါတယ်။

အဲဒီအစား ဘာစားကြမလဲ

what-you-should-eat-instead

အသားအရေကို ဆိုးကျိုးတွေဖြစ်စေတဲ့ အစားအစာတွေကို ဖော်ပြခဲ့တာပါ။ ဒီတော့ ဘာစားရမလဲဆိုတာ တွေးကောင်းတွေးနေပါလိမ့်မယ်။ အသီးအရွက်တွေ အရောင်ပါတဲ့ အသီးအနှံတွေစားပါ။ ဆိုလိုတာဟာ ငရုတ်သီး လိမ္မော်သီး ကျွဲကောသီး ပန်းသီး စတဲ့အစာအစာတွေပါ။ ဒါတွေဟာ အသားအရေကို စိုပြေစေပါတယ်။

မှတ်ချက် = အပေါ်ကအစားအစာတွေကိုလည်းလုံးဝရှောင်ရမယ်ပြောတာမဟုတ်ပါဘူး။ အတော်အတင့်ပဲစားသင့်ပါတယ်။ အသီးအရွက်တော့ များများစားပါ။