မိတ်ကပ်မပါဘဲနဲ့လည်း သင့်အသားအရေလေး ကြည်လင်ပြီး လှနေစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ မိတ်ကပ်လိမ်းတာဟာ သင့်ကို ပိုပြီး လှစေတယ်ဆို သံသယဖြစ်စရာတော့မရှိပါဘူး။

ဒါပေမယ့် သဘာဝအတိုင်းလှတာ အလှစစ်ပါ။ သဘာဝအတိုင်း လှနေစေဖို့ဆိုတာဟာလည်း သင့်အသာအးရေ ခြောက်သွေ့မှုကင်း၊ ဝက်ခြံကင်းစင်ပြီး ကြည်လင်လှပနေဖို့လိုပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့အသားအရေလေး မိတ်ကပ်လိမ်းစရာမလိုဘဲ လှပနေစေမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ တစ်နေ့ကို မျက်နှာ ၃ ကြိမ်သစ်မယ်။

မနက်မိုးလင်းရင်တစ်ခါ။ အပြင်ကနေ ပြန်လာပြီး မိတ်ကပ်ဖျက်တဲ့အခါ တစ်ခါ။ ညအိပ်ယာဝင်ခါနီးတစ်ခါ။ တစ်နေ့ကို မျက်နှာ (၃) ကြိမ်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာလည်း သေချာလေးသစ်ပေးဖို့လိုပါတယ်။ အသားအရေမှာ အဆီတွေ အညစ်အကြေးတွေ ကပ်ညီနေလို့ သင့်အနေနဲ့ သေချာသန့်ရှင်းရေးမလုပ်ပေးရင် အဆီပြန်ပြီး ဝက်ခြံထွက်စေမှာပါ။

၂။ အသားအရေကို ပုံမှန်လေး ချေးချွတ်ပေးရအောင်။

မျက်နှာကို တစ်ပတ် တစ်ခါလောက် ချေးချွတ်ပေးသင့်ပါတယ်။ သွေးလည်ပတ်မှုကောင်းပြီး အသားအရေလေးကြည်လင်နေစေဖို့အတွက် အရေးကြီးပါတယ်။

၃။ တိုနာသုံးပါ။

တိုနာဟာ မိတ်ကပ်ကို သေချာဖျက်ပေးတာကြောင့် တိုနာသုံးပေးသင့်ပါတယ်။ တိုနာသုံးတာဟာ မျက်နှာအဆီပြန်တာကိုလည်း သက်သာစေပြီး အမည်းစက်တွေကင်းစင်စေပါတယ်။

၄။ Sunscreen လိမ်းပေးပါ။

အသားအရေ နေလောင်ဒဏ်ကနေကာကွယ်ပေးဖို့ SPF ပါဝင်တဲ့ Sunscreen လိမ်းပေးဖို့လိုအပ်ပါတယ်။ အိမ်မှာပဲနေနေ ၊ အပြင်ပဲထွက်ထွက် SPF အနည်းဆုံး ၃၀ ကျော်ပါတဲ့ Lotion ကိုရွေးချယ်လိမ်းပေးသင့်ပါတယ်။

၅။ ရေခဲတုံး (သို့) ရေနွေးငွေ့သုံးမယ်။

ချွေးပေါက်ကျယ်တဲ့သူတွေက ရေခဲတုံးလေးနဲ့ မျက်နှာကို ပွတ်လိမ်းပေးရင် ချွေးပေါက်ကျဉ်းစေပါတယ်။ သွေလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး အသားရေ ကြည်လင်လာစေမှာပါ။ ရေနွေးငွေ့ ခံပေးတာကလည်း ချွေးပေါက်ကိုကျဉ်းစေပြီး အသားအရေကြည်လင်လှပစေပါတယ်။

၆။ နှုတ်ခမ်းနီအဆီသုံးမယ်။

နှုတ်ခမ်းသားနူးညံ့စိုပြေနေစေဖို့ နှုတ်ခမ်းကို အဆီတစ်မျိုးမျိုး လိမ်းပေးပြီး အိပ်ပေးသင့်သလို အပြင်သွားတဲ့အခါမှာလည်း ဗီတာမင် ပါဝင်တဲ့ နှုတ်ခမ်းနီအဆီတမျိုးမျိုးကို လိမ်းပေးဖို့လိုအပ်ပါတယ်။

၇။ နို့ပါတဲ့ ခေါင်းလျှော်ရည်သုံးမယ်။

နို့ပါတဲ့ခေါင်းလျှော်ရည်ဟာ ဆံကေသာကို နူးညံ့ချောမွတ်စေပါတယ်။

၈။ မျက်ခုံးမွှေးကို အမြဲတမ်း ပုံစံကျအောင်ထားပါ။

မျက်ခုံးမွှေးဟာ မျက်နှာတစ်ခုလုံးမှာ သိသာထင်ရှားတဲ့ အမှတ်အသားတစ်ခုပါပဲ။ မျက်လုံးမွှေးကို အမြဲတမ်း ပုံကျအောင်ထားပေးပါ။

၉။ မနက်စောစော လေ့ကျင့်ခန်းအမြဲတမ်းလုပ်ပါ။

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးတာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အသားအရေကိုလည်း ကြည်လင်လှပစေပါတယ်။

၁၀။ အသားအရေကို Moisturizer လိမ်းပေးပါ။

အသားအရေကို Moisturizer လိမ်းပေးပါ။ ညအိပ်ယာဝင်တဲ့အခါ မျက်နှာသေချာသစ်ပြီးရင် Moisturizer လိမ်းပြီးအိပ်ပေးပါ။