ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့က ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဟော်မှုန်းတွေထုတ်လုပ်ဖို့အတွက်လည်း အရေးကြီးပါတယ်။

အသီးအနှံတွေ စားပါ

တစ်နေ့ကို အသီးအနှံ ဘယ်နှစ်ခုစားပါသလဲ။ လူတိုင်းက အသီးအနှံဖျော်ရည်တစ်ခုခု သောက်ရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေရနေပြီလို့ ထင်ကြပါတယ်။ ဒါကမဟုတ်ပါဘူး။ အကယ်၍ အပြင်စားသောက်ဆိုင်တွေမှာ အသီးအနှံဖျော်ရည်တွေသောက်မယ်ဆိုရင်

  • သကြားပါဝင်မှုများခြင်း
  • တခါတလေ ကြာရှည်ခံတဲ့ ဓာတုပစ္စည်းတွေထည့်ထားတာကြောင့် ဒီပစ္စည်းတွေက အသည်းကို အလုပ်ပိုများစေပါတယ်။
  • တခါတလေ ပါဝင်တဲ့ အသီးအနှံတွေက နည်းပါးပြီး သကြားနဲ့ ချိုထားတဲ့ အသီးအနှံဖျော်ရည်တွေလည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပြည့်ပြည့်၀၀ ရရှိဖို့ အသီးအနှံတွေက ဒီအတိုင်း စားသင့်ပါတယ်။

သံပုရာသီး၊ လိမ္မော်သီး၊ Grapefruit၊ ဖရဲသီး၊ သင်္ဘောသီးနဲ့ စတော်ဘယ်ရီ တို့ကို ရွေးချယ်ပြီး နေ့စဉ် စားသုံးသင့်ပါတယ်။ ဥပမာအားဖြင့် ဖရဲသီး၊ စတော်ဘယ်ရီသီးတို့ကို ကွေကာအုပ်ထဲမှာထည့်ပြီး မနက်စာအဖြစ် စားသုံးပါက အသည်း၊ သရက်ရွက်နဲ့ ကျောက်ကပ်တို့ရဲ့ ကျန်းမာရေးကို အထောက်ကူပြုမှာဖြစ်ပါတယ်။

နေ့တစ်နေ့ကို သံပုရာရည် ၁ခွက်နဲ့ မုန့်ဖုတ်ဆိုဒါတို့နဲ့ စတင်ပါ

သံပုရာသီး တစ်ခြမ်း၊ ရေ ၁ခွက်နဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ရောဖျော်ပြီး မွှေလိုက်ပါ။ မနက်စာမစားခင်သောက်သုံးပေးပြီး ၄ ရက်ဆက်တိုက်သောက်ပေးပါ။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ် လုပ်ဆောင်မှုတွေကို အထောက်အပံ့ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

Benefits-of-Carrot-for-Women

အကောင်းဆုံး ဟင်းသီးဟင်းရွက်များ

အသည်း၊ သရက်ရွက်နဲ့ ကျောက်ကပ်ကျန်းမာရေးတို့အတွက် အသင့်လျော်ဆုံး ဟင်းသီးဟင်းရွက်များကို ဝေမျှချင်ပါတယ်။

မုန်လာဥနီ၊ ကြက်သွန်ဖြူတို့မှာ သဘာ၀ ဘက်တီးရီးယား ပိုမွှားတွေကို ကာကွယ်ဖျက်ဆီးနိုင်တဲ့ Antibiotic တွေ၊ အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

Garlic2-300x226

သွေးလည်ပတ်မှုကိုလည်း ကောင်းစေတာကြောင့် ကိုယ်စားသုံးတဲ့အစားအစာတွေမှာ ထည့်သွင်းစားပေးသင့်ပါတယ်။

6-junk-foods

ဘယ်လို အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သလဲ

အသင့်စားအစားအစာတွေမှာ သကြားဓာတ်တွေ၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ဓာတ်တွေပါဝင်တာကြောင့် အသည်း၊ သရက်ရွက်နဲ့ ကျောက်ကပ်ကျန်းမာရေးတို့အတွက် မကောင်းပါဘူး။ ဆိုဒါပါတဲ့ အချိုရည်တွေ၊ ငါးသေတ္တာတွေ စတဲ့ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ အရက်ဘီယာ၊ ဆေးလိပ်သောက်သုံးမှုတွေကိုလည်း လျော့ချသင့်ပါတယ်။