အားလုံးပဲမဂ်လာပါနော်..အခုလိုအချိန်မျိုးမှာ အားရှိပြီးကျန်းမာစေတဲ့အစားအစာများသာ စားသုံးပေးသင့်ပါတယ်နော်။ လူတွေရဲ့ ကျန်းမာရေးဟာ ကိုယ်တင်မကဘဲ စိတ်နဲ့ပါ ဆိုင်တယ်ဆိုတာ သိကြမှာပါ။ စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး ကျန်းမာမှ အမှန်တကယ် ကျန်းမာစေမှာ ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတွက် နေ့စဉ် စားနေကျ အစားအစာတွေကို ချိန်ဆပြီး စားပေးရင်တော့ ရနိုင်ပါတယ်။ နှလုံး ကျန်းမာရေး ကောင်းမွန်ပြီး ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ပြီး ကိုယ်အလေးချိန်အသင့်အတင့်ရှိမယ်ဆိုရင် လူတစ်ယောက်ဟာ ကျန်းမာတယ်လို့ အပေါ်ယံအနေနဲ့ ပြောလို့ရပါတယ်။

စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ဖို့အတွက် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးနိုင်သလို အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ကယ်လိုရီနည်းပါးပြီး ကျန်းမာတဲ့ အဆီတွေ ရရှိဖို့ မျှတအောင် စားပေးနိုင်ပါတယ်။

အစိမ်းရောင်ပဲသီးတောင့်များ

Source: Naturally Ella

ဘိုစားပဲလို့ ခေါ်ပြီး ကြော်စားတဲ့ ပဲတောင့်သီးလေးကို စားပေးရင် အမျှင်ဓာတ် ကြွယ်ဝစွာ ရနိုင်ပြီး ကယ်လိုရီနည်းပါးစွာ ပေးပါလိမ့်မယ်။ ပဲတောင့်ရှည်သီး၊ ပဲလွန်းပဲ တို့ကို စားပေးရင်လည်း အတူတူပါပဲ။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးဟာ မြန်မာပြည်မှာတော့ ရှားပြီး ဈေးကြီးပါတယ်။ သူ့မှာ အဓိကပါတဲ့ အိုမီဂါ ၃ အက်ဆစ်ဓာတ်ဟာ လူကို ကျန်းမာစေနိုင် တာပါ။ နှလုံးကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အပြင် ကောင်းမွန်တဲ့ အဆီတွေလည်း ပေးပါတယ်။ ဆယ်လ်မွန်ငါး ရှားတဲ့ အတွက် ငါးကြီးဆီကို မှီဝဲနိုင်ပါတယ်။ ငါးကို စားပေးခြင်းဟာလည်း ကျန်းမာစေနိုင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးလို့ ဆိုရာမှာ ဘလူးဘယ်ရီ၊ ရဒ်ဘယ်ရီ၊ စတော်ဘယ်ရီးသီးတွေ အကုန် ပါဝင်ပါတယ်။ ၂လဆက်တိုက် စားပေးရင် သွေးအားကောင်းစေပြီး နှလုံးကို ကျန်းမာစေနိုင်တယ်လို့ အမေရိကန် အာဟာရ ပညာရှင်များက ဆိုပါတယ်။

ဖရဲသီး

ရေဓာတ်ကြွယ်ဝတဲ့ အသီးအဖြစ် နာမည်ကျော်ပြီး ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အသီးဖြစ်ကြောင်း အားလုံး သိကြမှာပါ။ ရေဓာတ်ပါဝင်မှု ၉၂%ပါဝင်ပြီး ဗီတာမင်စီလည်း ပါဝင်တာကြောင့် နေ့စဉ် လန်းဆန်းစေမယ့် အစားအစာ တစ်ခုပါ။

ခရမ်းချဉ်သီး

နေ့စဉ်နီးပါး စားဖြစ်တဲ့ အသီးဆိုရင် မမှားပါဘူး။ ဒါပေမယ့် မြန်မာတွေ အများစုကတော့ ဟင်းချက်တဲ့ အခါမှာပဲ သုံးတာများပါတယ်။ အသုပ်တွေ သုပ်စားတဲ့ အခါမှာလည်း ထည့်ပါတယ်။ ဒီထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်ချင်ရင်တော့ ဖျော်ရည် ဖျော်သောက်တာဖြစ်ဖြစ် အစိမ်းသုပ်စားတာ ဖြစ်ဖြစ် စားပေးပါ။