လက်သည်းက သင့်ရဲ့ ကျန်းမာရေးအကြောင်းကို ညွှန်းဆိုနေတယ်ဆိုတာ သင်သိပါသလား။ ကိုယ့်ရဲ့လက်သည်းကိုငုံ့ကြည့်လိုက်ပါ။

လက်သည်းကအလည်မှာ ချိုင့်ခွက်ကြီးဖြစ်နေရင်

ဇွန်းပုံစံလိုမျိုး ခွက်ပြီးဖြစ်နေရင်တော့ အသည်းရောဂါနဲ့ဆက်စပ်နေပြီး သိုင်းရွိုက်ဂရင်း မကျန်းမာတာ၊ သံဓါတ်ချို့တဲ့တာမျိုးကို ပြဆိုနေတာပါ။ ဒီလိုလက္ခဏာမျိုးဟာ နှလုံးရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။

လက်သည်းကြွပ်ဆတ်ခြင်း လက်သည်းအက်ခြင်း

လက်သည်းကြွပ်ဆတ်နေတာ လက်သည်ခွံ အက်ပြီးအပေါ်ကိုကွာတတ်လာတာမျိုးဖြစ်နေလား။ ဒါဆိုရင်တော့ ဗီတာမင်ဓါတ်ချို့တဲ့နေတဲ့လက္ခဏာရပ်ဖြစ်ပါတယ်။ အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာရပ်တစ်ခုလည်းဖြစ်ပါတယ်။

လက်သည်းမှာ ချိုင့်ခွက်သေးသေးလေးတွေလိုမျိုး ရှိနေခြင်း

ဒီလိုလက္ခဏာမျိုးတွေ့ရပြီဆိုရင်တော့ သစ်ရှုးတွေ မူမမှန်ဖြစ်နေခြင်းရဲ့လက္ခဏာရပ်တစ်ခုပါ။ ကိုယ်ခံအားစနစ်ကျဆင်းနေတာကိုညွှန်းဆိုနေပြီး ကြာလရင်တော့ရုတ်တရက် ဆံပင်ကျွတ်တာ မျိုးဖြစ်ပြီး ဆံပင်လုံးဝပါးပါးလေးပဲဖြစ်သွားနိုင်ပါတယ်။

လက်သည်းဝါးကျင်ကျင်ဖြစ်ခြင်း

ဒီလိုလက်သည်းမျိုးက ဆေးလိပ်သောက်တတ်တဲ့သူတွေ လက်သည်းမှိုတက်နေတဲ့သူတွေဖြစ်တတ်ပါတယ်။ လက်သည်းကို သန့်ရှင်းရေးလုပ်ပေမယ့် လက်သည်းဝါတာမပျောက်ဘူးဆိုရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးမျိုးရဲ့ ရှေးပြေးလက္ခဏာရပ်တစ်ခုဖြစ်လို့ မပေါ့သင့်ပါဘူး။

လက်သည်းမှာ အမည်းရောင်အကြောင်းတွေပေါ်ခြင်း

ဒီလိုလက္ခဏာမျိုးဟာ တစ်ရှုးတွေမမှန်တာရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သိပ်မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ထိခိုက်နာကျင်စရာတွေကြောင့်လည်အခုလိုဖြစ်နိုင်ပါတယ်။

လက်သည်းခုံးနေခြင်း

လက်သည်းက သာမန်ထက်ကြီးပြီး ခုံးနေတာမျိုးဆိုရင်တော့ အဆုတ်ရောဂါ (သို့) သွေးတွင်း အောက်ဆီဂျင်နည်းနေတာမျိုးရဲ့ လက္ခဏာရပ်တစ်ခုပါပဲ။

လက်သည်းအဖြူရောင်သန်းခြင်း

လက်သည်းမှာ အဖြူရောင်စက်တွေပေါ်တာ လက်သည်းတစ်ခုလုံးဖြူသွားတာမျိုးဖြစ်နေလား။ ဒါဆိုရင်တော့ သင်ဟာ ကျောက်ကပ်ဆိုင်ရာ ပြဿနာရပ်တစ်ခုခုရှိနေပြီး သွေးတိုးရောဂါ (သို့) ဆီးချိုရောဂါဖြစ်နိုင်ချေများပါတယ်။ ဒီလိုလက္ခဏာရပ်ဟာ အသည်းနဲ့လည်းဆက်စပ်နေလို့ ဆရာဝန်ဆီအမြန်ဆုံးသွားပြသင့်ပါတယ်။