ဆိုဒါအအေးများတွင် သကြားဓာတ်နှင့် ကာဗွန်နစ်အက်ဆစ်တို့ ရောနှောပါဝင်သည့်အတွက် သင့်ခန္ဓာကိုယ်ကို မည်သည့်နည်းနှင့်မျှ အထောက်အကူပြုနိုင်မည်မဟုတ်ပေ။ အရသာရှိသည့်အအေးဖြစ်သောကြောင့် လူများကို ဘေးထွက်ဆိုးကျိုးပေးစွမ်းနိုင်ပါ့မလားဟူ၍လည်း တွေးကောင်းတွေးနိုင်ပါတယ်။ ထို့ကြောင့် ကိုကာကိုလာကို သောက်သုံးပြီးနောက် တစ်နာရီအတွင်း သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရှိစေနိုင်ရန်အတွက် သုတေသီများ၏ထုတ်ဖော်ပြောကြားချက်များကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

သောက်သုံးပြီး ၁၀ မိနစ်အကြာ

အချိုရည်ဘူးတစ်ဘူးတွင် သကြားပါဝင်သည့်ပမာဏမှာ လက်ဖက်ရည်ဇွန်းနှင့် ၁၀ ဇွန်းဖြစ်ပြီး သင်တနေ့တာလုံးသုံးစွဲရမည့် ပမာဏနှင့် ညီမျှပါတယ်။ ပုံမှန်အနေဖြင့် ထိုများပြားသည့်သကြားပမာဏကို တစ်ကြိမ်တည်းနှင့် သုံးစွဲလိုက်မိပါက ပျို့အန်သည်အထိဖြစ်ပွားလာနိုင်ပါတယ်။ သို့သော်လည်း အအေးတွင်ပါဝင်သည့် ဖော့စ်ဖောရစ်အက်စစ်ဓာတ်က ထိုသို့ဖြစ်ပွားမှုမှဟန့်တားပေးသောကြောင့် မိမိခန္ဓာကိုယ်ကို ဘယ်လောက် အန္တရာယ် ပေးနေသလဲဆိုတာကို သိမြင်နိုင်လိမ့်မည်မဟုတ်ပေ။

မိနစ် ၂၀ အကြာ

သကြားအလွန်အကျွံသုံးစွဲမိရာမှ ပျို့အန်မှုကိုရှောင်ရှားနိုင်သော်လည်း သင့်သွေးချိုပမာဏအပေါ် သက်ရောက်မှုကိုတော့ ရှောင်ရှားနိုင်မည်မဟုတ်ပေ။ ရုတ်တရက်ဆိုသလို သွေးချိုမြင့်တက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိအင်ဆူလင်ကို ပေါက်ထွက်သွားစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် အသည်းအဆီဖုံးရောဂါကို ခံစားလာရနိုင်ပါတယ်။

မိနစ် (၄၀) အချိန်၌

ဤမျှကြာမြင့်လာသည့်အခါ သင့်ခန္ဓာကိုယ်သည် ကဖင်းဓာတ်အားလုံးကို စုပ်ယူပြီးသွားပါပြီ။ ကဖင်းဓာတ်သက်ရောက်မှုသည် မူးဝေမှုကို တိုက်ထုတ်ပစ်ပြီး သင့်အားအချိန်ပြည့်နိုးကြားနေစေနိုင်ပါတယ်။

(၄၅) မိနစ်ကြာမြင့်ပြီးနောက်

ဆိုဒါ၏သက်ရောက်မှုများသည် မူးယစ်ဆေးဝါးများမှ သင့်ကိုယ်ခန္ဓာအပေါ်သက်ရောက်မှုနှင့် ဆင်တူလှပါတယ်။ ဦးနှောက်၏စိတ်ပျော်ရွှင်မှုကို လှုံ့ဆော်ပေးသည့် Dopamine ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးသည့်အတွက် မူးယစ်ဆေးဝါးကဲ့သို့ပင် အချိုရည်များကို စွဲလမ်းတပ်မက် နေရခြင်းဖြစ်ပါတယ်။

မိနစ် (၆၀) နောက်ပိုင်းအချိန်

အအေးတွင်ပါဝင်သည့် ဖော့စ်ဖောရစ်အက်စစ်သည် အောက်ပိုင်းအူအတွင်းရှိ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်တို့ဖြင့် ပေါင်းစပ်သွားရာမှ ဆီးမကြာခဏသွားမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

တစ်နာရီအကြာ

ကဖင်းဓာတ်သည် သင့်အားဆီးသွားချင်စိတ်ကိုဖြစ်ပေါ်စေသောကြောင့် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်တို့သည် အရိုးထဲသို့ရောက်ရှိရမည့်အစား ခန္ဓာကိုယ်အတွင်းမှ စွန့်ခွာသွားမှာဖြစ်ပါတယ်။ ဆိုဒါအအေးများကို ထပ်တလဲလဲသောက်ပေးခြင်းသည် အရိုးများကိုအားနည်းစေနိုင်သလို ခန္ဓာကိုယ်အတွက်အရေးကြီးသည့် ဆိုဒီယမ်၊ လျှပ်လိုက်ရည် နှင့် ရေဓာတ်များကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။

Reference Link: https://www.express.co.uk/life-style/health/594933/Coke-Diet-Coke-body-what-happens-fizzy-drinks