ရာသီအကူးအပြောင်းကာလတွေမှာဆိုရင် အအေးမိ နှာစေး ဖျားနှာခြင်းတွေဖြစ်တတ်ပါတယ်။ နွေကနေ မိုးအကူး၊ မိုးကနေ ဆောင်းအကူး ၊ ဆောင်းကနေ နွေအကူးတွေမှာ သင့်ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကိုယ်ခံအားနည်းတဲ့အခါ တခြားသူဆီကလည်း ရောဂါပိုးတွေ ကူးစက်လာနိုင်ပါတယ်။ အအေးမိ နှာစေး ဖျားနှာခြင်းကို သက်သာစေမယ့် သဘာဝဆေးနည်းကို မျှဝေပေးချင်ပါတယ်။

ပျားရည်

Source: Medical News Today

ပျားရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သင့်ကို ကိုယ်ခံအားကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်းပါဝင်လို့ သင့်ခန္ဓာကိုယ်ရဲ့ Microorganism အတွက်ကောင်းမွန်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပြီး ချောင်းဆိုးတာကိုသက်သာစေသလို လည်ပင်းနာတာကိုပါ သက်သာစေပါတယ်။

ဂျင်း

Source: joeygfitness.com

ဂျင်းကလည်း ရောင်ရမ်းမှုကိုသက်သာစေတဲ့ဂုဏ်သတ္တိပါဝင်ပြီး အအေးမိဖျားနာကို သက်သာစေပါတယ်။ ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပါတယ်။ Antioxidant တွေပါဝင်လို့လည်း သင့်ခန္ဓာကိုယ်ကဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။

ဘယ်လိုလုပ်မလဲ

ဂျင်း အသေး ၁ ခု

ပျားရည် တစ်ခွက်

ပြင်ဆင်ခြင်း

Source: Produce Made Simple

ဂျင်းကို အခွံနွှာပြီး အတုံးသေးသေးလေးတွေ လှီးလိုက်ပါ။ ပြီးရင် အဖုံးပါတဲ့ ဘူး (သို့) ခွက်ထဲထည့်လိုက်ပြီး ပျားရည် တစ်ခွက် ထည့်ပါ။ အဲဒီနောက် နည်းနည်းအေးပြီး မှောင်တဲ့နေရာမှာ ၄၈ နာရီထားပါ။ ၄၈ နာရီပြည့်ရင် သောက်လို့ရပါပြီ။

တစ်ရက်ကို တစ်ခါသောက် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ (၃) ကြိမ် (သို့) ၄ ကြိမ်သောက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် နေ့တိုင်း မနက်စာမစားခင် စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပေးပါ။

ရေနွေးနဲ့ရောပြီး သံပုယိုရည်အနည်းငယ်ထည့်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

အအေးမိဖျားနှာခြင်းကို သက်သာပျောက်ကင်းစေမှာပါ။