မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သိသာစေတာက ရင်သားပါ။ အလှအပအတွက် ရင်သားပြည့်ဖြိုးခြင်းကလည်း ကူညီပေးပါလိမ့်မယ်။ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အခါ သဘာဝပစ္စည်းတွေနဲ့ပဲ အလှအပကို ဖန်တီးယူလို့ရပါတယ်။ ရင်သားကြီးထွားဖို့အတွက် ကူညီပေးမှာကတော့ စမုံစပါးပါ။ စမုံစပါးမှာ Licorice Compound ပါလို့ ရင်သားကြီးထွားအောင် လုပ်ပေးနိုင်ပါတယ်။

စမုံစပါးကို Supermarket တွေနဲ့ ပရဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။

စမ်းသပ်ချက်များအရ ပဲနံ့သာစေ့ထက် စမုံစပါးက ပိုပြီး ထိရောက်မှုရှိပါတယ်။ ထိုးဆေး လိမ်းဆေးနဲ့ သောက်ဆေးကြောက်သူများအတွက် စမုံစပါးက အကောင်းဆုံးနည်းလမ်းပါ။

အရောအနှောကင်းတဲ့ စမုံစပါးက အထိရောက်ဆုံးပါပဲ။

စမုံစပါးအသန့်ကို ဒီအတိုင်းစားပေးပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် စားပေးပါ။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းထဲထည့်ချက်ပြီး စားပေးလည်းရပါတယ်။

စမုံစပါးကို ရေနွှေးအဖြူနဲ့ နှပ်ပြီး ရေနွေးကြမ်းလို သောက်ပေးပါ။

စမုံစပါးကနေ ထုတ်လုပ်တဲ့ သဘာဝဖြည့်စွက်စာ သောက်ဆေးတွေရှိပါတယ်။ အလုပ်ရှုပ်သူတွေ သောက်နိုင်ပါတယ်။

စမုံစပါးက ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ ဟော်မုန်းအပြောင်းအလဲ ရှိလို့ မသောက်သုံးတာ ပိုကောင်းပါတယ်။ တချို့သော သူများမှာလည်း စမုံစပါးနဲ့ ဓတာ်မတည့်သူတွေ ရှိတတ်လို့ Allergic ဖြစ်နိုင်သူများလည်းရှောင်သင့်ပါတယ်။