အဆီဓာတ် ပါတဲ့ အစားအစာတွေလို့ ကြားလိုက်တာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေလို့ တန်းပြီး တွေးမိသွားကြပါတယ်။ ဒါပေမယ့် အသင့်စားအစားအစာတွေ၊ သကြားနဲ့လုပ်ထားတဲ့အစားအစာတွေနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကျတော့ မရှောင်ကြဉ်ကြပါဘူး။ နောက်ဆုံးမှာ ကိုယ်အလေးချိန်တွေတက်လာမယ်၊ ပင်ပန်းနွမ်းနယ်ပြီး ဖျားနာလာပါတယ်။

တချို့ အဆီဓာတ်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီဓာတ်ပါတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးက တခြား အသီးတွေနဲ့ ကွဲပြားခြားနားပါတယ်။ သူ့မှာ ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းမြင့်မားပြီး အဆီဓာတ်တွေလည်း အများကြီးပါပါတယ်။

ဒါပေမယ့် ဒီအသီးပါဝင်တဲ့အဆီဓာတ်ရဲ့ ၇၇ ရာခိုင်နှုန်းက လူကိုဒုက္ခမပေးတဲ့ အဆီဓာတ်တွေပါဘဲ။ အဆီဓာတ်တွေမှာ oleic အက်ဆစ်ပါဝင်ပါတယ်။ ဒါက သံလွင်ဆီမှာ တွေ့ရတဲ့ အက်ဆစ်ဓာတ်တစ်မျိုးပါ။ ဒီအက်ဆစ်က ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အက်ဆစ်ဖြစ်ပါတယ်။

ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်ပြီး ငှက်ပျောသီးမှာပါဝင်တာထက် ၄၀ ရာခိုင်နှုန်းလောက်ပိုများပါတယ်။

သွေးအတွင်းကိုယ်လက်စထရောဓာတ်ကို လျော့ချချင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်ချင်ရင်လည်း ထောပတ်သီးမှာ စားသုံးပေးသင့်ပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။

ချိစ် (Cheese)

ချိစ် (Cheese) မှာ အဆီဓာတ်တွေပါဝင်တယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ချိစ် အပြားလေး တစ်ပြားရဖို့အတွက် နွားနို့တစ်ခွက်လောက်ကုန်ပါတယ်။ ဒါကြောင့် ချီးစ်တစ်တုံးရဖို့ နွားနို့တွေအများကြီးနဲ့လုပ်ထားတာပါ။

ဒါကြောင့် သူ့မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊ phosphorus နဲ့ Selenium တို့ပါဝင်ပါတယ်။

ချီးစ်တစ်ပြားမှာ ပရိုတင်း 6.7 g ပါဝင်ပါတယ်။

အဲ့ဒီအပြင် ဆီးချို ပုံစံ ၂ ကိုကာကွယ်ပေးနိုင်တဲ့ Fatty Acids တွေလည်း ပါဝင်ပါတယ်။