လည်ပင်းယားကျိယားကျိဖြစ်ပြီး နာကျင်ဝေဒနာခံစားရတာလောက် ဘဝမှာ စိတ်ညစ်စရာကောင်းတာရှိမှာမဟုတ်ပါဘူး။ မိုးရာသီမှ အအေးပတ်သွားလို့ လည်ပင်းနာခြင်း ခံစားရတာမဟုတ်ဘဲ ရာသီသုံးခုပတ်လုံးမှာ ခံစားရနိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။

အိမ်မှာနေရင်း ချောင်းဆိုးတာက ကိစ္စမရှိပေမယ့်လည်း အပြင်သွားတဲ့အခါ လူကြားထဲရောက်ခါမှ လည်ပင်းယားလာပြီး ချောင်းဆိုးမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။

ဒါကြောင့် စပြီးဖြစ်လာပြီဆိုကလည်း ကြိုတင်ကုသထားနိုင်ဖို့အတွက် အချိန်တိုအတွင်းမှာ နာကျင်ဝေဒနာကို သက်သာစေမယ့် လွယ်ကူမြန်ဆန် နည်းလမ်းကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆားရေနဲ့ ပလုတ်ကျင်းပါ

Source: lajmi.net

ဆား လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်ကို ရေနွေးနွေးတစ်ခွက်နဲ့ရောစပ်ကာ ဆားတွေပျော်သွားတဲ့အထိ မွှေပေးပါ။ ပျော်သွားပြီဆိုရင်တော့ ပါးစပ်ထဲ ငုံလိုက်ကာ စက္ကန့်အနည်းငယ်လောက် ပလုတ်ကျင်းပေးပါ။ အကယ်လို့ လည်ပင်းနာတာမပျောက်သေးဘူးဆိုရင်တော့ တစ်နေ့မှာ အကြိမ်ပေါင်း မြောက်မြားစွာ ပြုလုပ်ပေးပါ။

ဗိုင်းရပ်စ်ပိုးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေရန်အတွက် လီမွန်အရည်အနည်းငယ်ကိုလည်း ညှစ်ထည့်ပေးနိုင်ပါတယ်။

ပျားရည်သောက်ပါ

Source: Leafly

ပျားရည်တစ်ဇွန်းအပြည့်ကို မျိုချပေးခြင်းဖြင့် ညဖက်အချိန်တွေမှာ ချောင်းထဆိုးခြင်းမဖြစ်အောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အဖြစ်များတဲ့ ကလေးများအတွက် အထူးကောင်းမွန်ပါတယ်။ ပျားရည်ကို ဒီအတိုင်းစားရတာမကြိုက်ဘူးဆိုရင်တော့ ရေနွေးပူပူတစ်ခွက်ထဲမှာ ထည့်ဖျော်ပြီးတော့ သောက်သုံးပေးခြင်းဖြင့် လည်ပင်းနာတာ သက်သာစေမှာပါ။

သံပုရာရည်ကို ပျားရည်ထည့်သောက်ပါ

Source: The Spruce Eats

ပျားရည်တစ်ဇွန်းမောက်မောက်ကို သံပုရာရည်နဲ့ရောပြီး မကြာမကြာသောက်ပေးခြင်းဟာ လည်ပင်းနာတာအတွက် အထူးကောင်းမွန်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပါ

Source: Greatist

လည်ပင်းနာခြင်းအတွက် ပန်းသီးရှာလကာရည်ကလည်း ဆေးစွမ်းကောင်းတစ်ခုပါပဲ။ ပန်းသီးရှာလကာရည် ခွက်တစ်ဝက်စာကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောစပ်ကာ ဆားတွေပျော်သွားပြီဆိုရင် ရေနွေးတစ်ခွက်ရောလိုက်ပါ။ ပြီးရင်တော့ ၁၅ မိနစ်တစ်ခါ ပလုတ်ကျင်းပေးပါ။

ခေါင်းအုံးကိုမြှင့်ပြီးအိပ်ပါ

Source: BrightSide

နေမကောင်းတဲ့အချိန်တွေမှာ မကြာမကြာ အိပ်ချင်တာဟာ သဘာဝပါ။ ဒီလိုအိပ်တဲ့အခါတိုင်း ခေါင်းကိုမတ်မတ်ထားဖို့ သတိထားပါ။ ပုံမှန်ခေါင်းအုံးကို နိမ့်နိမ့်အိပ်တတ်တယ်ဆိုရင် အခုလိုနေမကောင်းချိန်မှာ နောက်ထပ်တစ်လုံးလောက်ခံပြီးတော့ နည်းနည်းမြင့်မြင့် အိပ်ပေးပါ။ ဒီလိုအိပ်တာဟာ အသက်ရှူရ ပိုမိုလွယ်ကူစေပြီးတော့ ပါးစပ်ကိုလည်းပိတ်ထားစေမှာဖြစ်လို့ ယားယံစေမယ့် အမှုန်တွေဝင်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။