နနွင်းကို နိုင်ငံတွေရဲ့ တိုင်းရင်းဆေးတွေမှာ အဓိက ထားသုံးနေကြတာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ နနွင်းမှာ ရေတွက်လို့မရလောက်အောင် ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ နနွင်းကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး သောက်သုံးသင့်ပါတယ်။

အဆစ်အမြစ် ကိုက်ခဲတာတွေ သက်သာ

နနွင်းက သာမန် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Ibuprofen, Sulindac စတဲ့ ဆေးတွေထက်ပိုပြီး ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်လို့ Oncogene ဆေးပညာ ဂျာနယ်မှာ ရေးသားထားပါတယ်။ အဆစ်အမြစ်ကိုက်ခဲတာတွေ၊ ယောင်ယမ်းတာတွေအတွက် သင့်လျော်ပါတယ်။

10-Reasons-Everyone-Should-Drink-Warm-Turmeric-Water-Every-Morning-700x477

ကင်ဆာ ရောဂါကို ကာကွယ်ပေး

နနွင်းမှာ အယ်ကာလိုင်း ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အယ်ကာလိုင်း ဓာတ်တွေများနေတဲ့နေရာမှာ ကင်ဆာဆဲလ်တွေက ဖွံ့ဖြိုးဖို့ခက်ခဲပါတယ်။ ဒါကြောင့် နနွင်းက ကင်ဆာရောဂါကို တိုက်ဖျက်ကာကွယ်ပေးနိုင်စွမ်းရှိတာပါ။

နှလုံးရောဂါကို ကာကွယ်ပေး

သွေးကြောတွေကျဉ်းလာတာ၊ နှလုံးသွေးကြောပိတ်တို့ကို ကာကွယ်ပေးပါတယ်။ နနွင်းမှာ သွေးကြောတွေထဲမှာ အနယ်ကျလာတာကိုလည်း လျော့ချ တိုက်ဖျက်ပေးပါတယ်။

shutterstock_273715592-1-e1464704289582

အစာခြေစနစ်ကို အားကောင်းစေ

အစာအိမ် လေပွခြင်း များ စတဲ့ အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ နနွင်းကို ပုံမှန်စားပေးရင် Bile ဆိုတဲ့ အဆီကို အစာခြေပေးတဲ့ ဓာတ်တွေ ထွက်လာပြီး ကိုယ်အလေးချိန်ထိန်းပေးကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

အသည်းကို ကာကွယ်ပေး

နနွင်းက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ အသည်းမှာရှိတဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေကိုလည်း ကာကွယ်ပေးပါတယ်။ အရက်ကြောင့်၊ သံဓာတ်များလို့၊ အသည်းရောဂါ စတဲ့ ရောဂါတွေကြောင့် အသည်းပျက်စီးမှုနှုန်းကိုလည်း လျော့ချပေးပါတယ်။

index

ကျန်းမာတဲ့ ဦးနှောက် ရရှိအောင် ထောက်ပံ့ပေး

နနွင်းက Parkinson ရောဂါ၊ အယ်ဇိုင်းမား နဲ့ လေဖြတ်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သူ့မှာ Antioxidant တွေပါဝင်ပြီး ဦးနှောက်ရဲ့ ကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးသေဆုံးတာ၊ စိတ်ဖိစီးမှုတွေကိုလည်း ကာကွယ် လျော့ကျစေပါတယ်။

အရွယ်တင်နုပျိုစေ

နနွင်းမှာ Free Radicals ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်း ရောင်တာ၊ဖောင်းတာတွေ၊ အသားအရေ လျော့ရဲတာတွေကို ကာကွယ်ပေးပါတယ်။ ပုံမှန်စားပေးရင် အသက်အရွယ်ကြီးမြင့်လာလို့ ဖြစ်လာတဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။