အခုလိုITခေတ်ကြီးမှာ လူတိုင်းလိုလို ဖုန်း၊ Tablet ၊ Laptop ၊ ကွန်ပျူတာတွေကို နေ့စဉ်နှင့်အတူ သုံးစွဲနေကြတာ အားလုံးသိပြီးသားပဲဖြစ်ပါတယ်နော်။ ဒါ့အပြင် အဲ့ဒီအရာတွေကို  ညအိပ်ယာမဝင်ခင်၊ ညအိပ်ခါနီးမကြည့်ရဘူးဆိုတာလည်း အားလုံးသိပါတယ်နော်။ ဒါတွေအားလုံးက ကျွန်ုပ်တို့ လူသားတွေ အတွက် အရေးကြီးတဲ့အခန်း ကဏ္ဍမှာ ပါဝင်လာတာနဲ့နည်းတူ ဒါတွေမရှိဘဲ မနေနိုင်ကြတော့ပါဘူး။ ဒီ ဒီဂျစ်တယ်ပစ္စည်းတွေဆိုတာကလည်း တဖြည်း ဖြည်းနဲ့ ကျွန်ုပ်တို့ ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် နေရာယူလာခဲ့ပါတယ်။

အစားစားတဲ့အချိန်၊ သောက်တဲ့အချိန်၊ စာလေ့လာနေတဲ့အချိန်တွေမှာသာမက အိပ်နေရင်းနဲ့လည်း အသုံးပြုလာတတ်ကြပါတယ်။ ဒါပေမယ့်လည်း ညအိပ်ယာမဝင်ခင်တော့ ဒါတွေကို ရှောင်စေချင်ပါတယ်နော်။

ဘာဖြစ်လို့လဲဆိုတော့ စမတ်ဖုန်းတွေကနေ ထွက်တဲ့ Blue Light ဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။

အထူးသဖြင့် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာကို ဖြစ်ပေါ်စေပါတယ်။ အိပ်စက်ခြင်းကိုဖြစ်စေတဲ့ Melatonin ဟော်မုန်းတွေကို သေစေနိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။

Blue Light (အပြာရောင်အလင်းတန်း) နဲ့ပတ်သက်လို့ ကျွန်ုပ်တို့ ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အရာ (၃) ခုကို မျှဝေပေးချင်ပါတယ်။ အဲဒီအရာတွေကတော့….

မျက်လုံးပြဿနာ

မျက်လုံးက လူတစ်ယောက်အတွက် အရေးကြီးဆုံးပါပဲ။ မျက်လုံးက Blue Light ကြောင့် အမြင်အာရုံလွှာကို  တဖြည်းဖြည်းထိခိုက်လာစေပါတယ်။ အမြင်အာရုံဝေဝါးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာ

အပြာရောင်အလင်းတန်းတွေဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်စေတာကြောင့် နောက်ပိုင်းမှာ နှလုံးရောဂါဖြစ်စေနိုင်သလို၊ မှတ်ဉာဏ် ဆိုင်ရာ ပြဿနာလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးမဝခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။

ကင်ဆာဖြစ်နိုင်ချေများခြင်း

အပြာရောင်အလင်းတန်းတွေဟာ ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်နေနိုင်ဆုံး ပြဿနာအရင်းအမြစ်တစ်ခုထဲမှာ ပါဝင်ပါတယ်။ ညအိပ်ယာမဝင်ခင် လျှပ်စစ်ပစ္စည်းတွေသုံးတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ချေမြင့်မားပါတယ်။

ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် ဖုန်း၊ ကွန်ပျူတာကြည့်ခြင်းကို ရှောင်ရှားခြင်းဖြင့် နောင်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖယ်ရှားကာကွယ် လိုက်ရအောင်။

Reference; Brightside