MyHealth Myanmar ပရိသတ်ကြီးရေ..မဂ်လာပါနော်… အခုခေတ်မှာ အသက်ကြီးမှ နှလုံးရောဂါဖြစ်နိုင်တာ မဟုတ်ပါဘူးနော်။ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့အတွက် ဂရုစိုက်ပေးသင့်ပါတယ်။ မွေးရာပါမဟုတ်လည်းဘဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါဖြစ်တဲ့နှုန်းဟာ မြင့်တက်လျက်ရှိနေပါပြီ။ သင့်မှာရော နှလုံးရောဂါဖြစ်နိုင်ချေတွေ ရှိနေပြီလားဆိုတာကို သေချာသိနိုင်ဖို့အတွက် ဒီအချက်တွေနဲ့ ကြည့်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေက နှလုံးရောဂါဖြစ်နိုင်တယ်ဆိုတာကို ပြသနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ညဘက်ကောင်းကောင်းအိပ်မပျော်ခြင်း

ညဘက်နှစ်ခြိုက်စွာ ဘာလို့အိပ်မပျော်သလဲဆိုတာ စဉ်းစားရပါမယ်။ အကယ်လို့ နေ့လည်ပိုင်းတရေးအိပ်စက်ခြင်းလည်းမရှိဘူး စိတ်ဖိစီးမှုတွေလည်းမရှိဘူးပဲနဲ့ အိပ်ရေးပျက်ညတွေများနေပြီဆိုရင်တော့ သတိထားစောင့်ကြည့်သင့်ပါတယ်။

ပါးစပ်အနံ့ဆိုးထွက်ခြင်း

width=

Tartar လို့ခေါ်တဲ့ လက္ခဏာဟာ ပါးစပ်အနံနံ့ခြင်းနဲ့ ဆင်ပါတယ်။ သူကတော့ ခံတွင်းထဲမှ နံ့ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းမှ လာတာကြောင့် သတိပြုဖို့တော့လိုအပ်ပါတယ်နော်။

အသက်ရှူရခက်ခဲဖြစ်ခြင်း

လမ်းလေးနည်းနည်းလျှောက်လိုက်တာပဲဖြစ်ဖြစ်၊ ပစ္စည်းလေးရွှေ့လိုက်တာမျိုးပဲဖြစ်ဖြစ် နည်းနည်းလေး လှုပ်လိုက်တာနဲ့တင်ကို မောပြီး အသက်ရှူ ရခက်ခဲသလိုဖြစ်ပါမယ်။ ဒါ့အပြင် မောဟိုက်လာမယ် ဒါမှမဟုတ် အသက်ကိုလည်း ကြာကြာမအောင့်နိုင်ဘူးဆိုရင်တော့ ဆေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

ရင်ဘတ်ခဏခဏအောင့်နေမယ်

နှလုံးအောင့်ခြင်း ဒါမှမဟုတ် ရင်ဘတ်အောင့်ခြင်းဟာလည်း မပေါ့ဆသင့်ပဲ သတိထားရမယ့် အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ အကြာကြီးနေမှ တစ်ခါဖြစ်တာကတော့ အာရုံကြောကြောင့်ဖြစ်နိုင်ပေမယ့် အမြဲတမ်းလိုလို ရင်ဘတ်အောင့်နေတတ်မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

စိုးရိမ်ပူပန်မှုတွေများခြင်း

ဘာမှမဟုတ်ဘဲ အလကားနေအလကား စိုးရိမ်နေမယ်၊ စိတ်ပူပန်နေမယ် ဒါမှမဟုတ် ကြောက်နေမယ်ဆိုရင်တော့ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုဖြစ်တိုင်းလည်း ရင်ခုန်သံတွေမြန်မြန်လာမယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ဒီအရာတွေထဲက တော်တော်များများနီးပါး သင်နဲ့ကိုက်ညီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ကြိုတင်ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီး နေ့စဉ်စားသောက် နေထိုင်ပုံတွေကို ဆင်ခြင်ပြောင်းလဲပေးသင့်နေပါပြီနော်။

Reference; www.Break.com