သင်အခုစားနေတဲ့ အစားအစာတွေက အရင်က အစားအစာတွေနဲ့ မတူဘူးဆိုတာ သတိထားမိပါသလား။

ကြက်တွေက အရင်ကြက်တွေထက် အကောင်ပိုကြီးလာတာတို့ အမေတွေ၊ အဘွားတွေ ပြောတာကြားဖူးမှာပါ။

ဒါ့ကြောင့် အစားအစာတွေရဲ့ ပြောင်းလဲလာမှုပုံစံတွေကို ဝေမျှချင်ပါတယ်။

ကြက်တွေက အရင်တုန်းက ကြက်တွေထက်ပိုကြီးလာ

စားတုန်းနေကျကြက်တွေက လွန်ခဲ့တဲ့ နှစ် ၆၀ က ကြက်တွေနဲ့ယှဉ်ရင် အများကြီး ပိုကြီးလာပါတယ်။ သူတို့ ရင်အုံတွေ ခြေထောက်တွေက ပိုပြီး သိသာသာ ကြီးလာပါတယ်။ မျိုးစပ်မှုတွေ တိုးတက်လာမှု၊ တိရစ္ဆာန် ဆရာဝန်တွေရဲ့ ကြီးကြပ် နိုင်မှု၊ တချို့ မွေးမြူသူတွေကလည်း ဟော်မှုန်းဆေးဝါးတွေနဲ့ စတီးရွိုက်တွေ သုံးစွဲမှုကြောင့် ပိုပြီး ကြီးထွားလာကြတာပါ။

မျိုးရိုးဗီဇ ပြောင်းလဲထားသည့် သီးနှံ (GMO) တွေကို ကမ္ဘာနိုင်ငံတော်တော်များများမှာ စိုက်ပျိုးခွင့်ပြု

မျိုးရိုးဗီဇ ပြောင်းလဲထားသည့် သီးနှံ (GMO) တွေကို တစ်ကမ္ဘာလုံးနီးပါးမှာ စိုက်ပျိုးခွင့်တွေရရှိနေပါတယ်။

ပဲပုပ်၊ ပြောင်း၊ ဝါ စတဲ့ သီးနှံတွေက GMO အနေနဲ့ပိုပြီး စိုက်ပျိုးကြပါတယ်။

Wasabi

ဆူရှီတွေမှာ စားသုံးလေ့ရှိတဲ့ ဝါဆာဘီ (Wasabi) အစစ်ကို ဂျပန်မှာဘဲ ရရှိတာများပါတယ်။ Wasabi တွေ ရေ အမြဲမပြတ်ရရှိနေတဲ့ နေရာ၊ အပူချိန် ၁၀ ကနေ ၁၇ ဒီဂရီ ကြားမှာ စိုက်ပျိုးကြတာများပါတယ်။

ရင့်မှည့်ဖို့ ၃ နှစ်ကနေ ၄ နှစ်ကြားလိုပြီး ၁ ပေါင်ကိုတောင် ဒေါ်လာ ၁၀၀ လောက်ပေးရပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ စားသုံးမှုများနေတဲ့ Wasabi က မှို၊ အစိမ်းရောင်အရွက်၊ ဂေါ်ဖီတို့ကနေ ထုတ်လုပ်ထားတာ များပါတယ်။

ခရမ်းချဉ်သီးဆော့

ခရမ်းချဉ်သီးဆော့ တချို့က ခရမ်းချဉ်သီးကနေ ထုတ်လုပ်တာမဟုတ်ပါဘူး။ ခရမ်းချဉ်သီးက Wasabi လိုဈေးကြီးတဲ့ အစားအစာမျိုးတောင် မဟုတ်ပေမယ့် ခရမ်းချဉ်သီးထက်ပို ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးပြီး အရသာကို ပြောင်းလဲ ထုတ်လုပ်ထားတာပါ။

ခရမ်းချဉ်သီးဆော့ အတုတွေက အနီအရင့် သို့မဟုတ် အမည်းဘက်သန်းတဲ့ အနီရောင်ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။