အစားအသောက်တိုင်းမှာ ဆိုးကျိုးရှိသလို ကောင်းကျိုးတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ကော်ဖီရဲ့ ဆိုးကျိုးတွေကိုလည်း ရေးခဲ့သလို ကောင်းတဲ့အချက်လေးတွေကိုလည်း ရေးပြဖို့လိုအပ်ပါတယ်။

ကော်ဖီက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေ

ကော်ဖီက ရေတို အာရုံစိုက်နိုင်စွမ်းကောင်းအောင်၊ တက်ကြွမှုရှိအောင် ကူညီပေးနိုင်ပါတယ်။ ဥပမာ အစည်းအဝေးထဲမှာ အိပ်မငိုက်အောင် ကော်ဖီသောက်ထားသလိုပါဘဲ။

ကော်ဖီထဲမှာ သကြားအနည်းငယ်ထည့်သောက်ရင် ဦးနှောက်ကို နိုးကြွားတက်ကြွအောင်ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ ကော်ဖီသောက်ရင်တော့ ဆိုးကျိုးတွေအများကြီးရှိပါတယ်။

သွေးဖိအားကို တိုးမြင့်စေတယ်

သွေးကျတတ်သူဆိုရင် ကော်ဖီကို သောက်သင့်ပါတယ်။

ကိုယ်ခံအားကို ကောင်းစေတယ်

ကော်ဖီက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုပြီး ခိုင်မာ၊ ပိုပြီး ကျန်းမာစေပါတယ်။ အသည်း၊နှလုံး နဲ့ အစာခြေစနစ်တွေလည်း အားကောင်းစေပါတယ်။ ဒါပေမယ့် ကော်ဖီကို အလွယ်တကူ ဖျော်သောက်နိုင်တဲ့ Instant ကော်ဖီတွေအစား နှပ်ပြီးသောက်ရတဲ့ ကော်ဖီတွေကို သောက်သင့်ပါတယ်။

ခေါင်းကိုက်နေရင်

ရုတ်တရပ် ခေါင်းကိုက်လာလို့ ဆေးလည်း မသောက်ချင်ဘူးဆိုရင် ကော်ဖီသောက်လိုက်ရင် ခေါင်းကိုက်ကို သက်သာစေပါတယ်။ ဆေးတွေလောက်တော့ မစွမ်းပေမယ့်လည်း ကဖိန်းဓာတ်က လူကို တက်ကြွစေပြီး ခေါင်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။

စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုကို လျော့နည်းစေ

ကော်ဖီက ခန္ဓာကိုယ်အတွင်းရှိ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်ပေးတဲ့ Dopamine ဓာတ်နဲ့ Serotonin ဓာတ်တို့ထုတ်လုပ်ပေးပါတယ်။

ကော်ဖီရဲ့ အနံ့လေး ရလိုက်ရုံနဲ့ စိတ်တွေကို တည်ငြိမ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။

ရေတိုမှတ်ဉာဏ်ပိုကောင်းလာ

ကော်ဖီထဲမှာပါဝင်တဲ့ ကဖိန်းဓာတ်က စိတ်ဓာတ်ကို တက်ကြွစေရုံသာမကဘဲ ရေတိုမှတ်ဉာဏ်အားကိုလည်း ပိုကောင်းစေပါတယ်။ ရေတိုမှတ်ဉာဏ်တွေက ၁ နာရီလောက်ကြာတဲ့အခါမှာ ဦးနှောက်ထဲမှာ အလိုလို သိမ်းဆည်းပြီးသား ဖြစ်သွားပါတယ်။