ဂျင်းဆိုတာကတော့ မြန်မာတို့ရဲ့ အိမ်တိုင်းမှာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးပါပဲ။ ဂျင်းမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေအများကြီးပါဝင်ပါတယ်။

Cellulite ကိုသက်သာစေတယ်

Cellulite ဆိုတာကတော့ ဝတဲ့သူတွေမှာသာမက ပိန်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေမှာ အဖုအထစ်တွေ၊ အရည်ပြားတွဲတာမျိုးဖြစ်တာပါ။ အဲဒီလို Cellulite တွေကို သက်သာချင်ရင်တော့ ဂျင်း တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၁ ခွက် (သို့) ၁ ခွက်ခွဲထည့်လိုက်ပြီး ဆားနည်းနည်းထည့်ပါ။ ပြီးရင် ရောလိုက်ပြီး Cellulite ဖြစ်တဲ့နေရာမှာ လိမ်းပေးလိုက်ပါ။

ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးပြီး အနံ့အသက်ဆိုးတွေကို သက်သာစေပါတယ်

အစာမကြေတာတို့၊ ရာသီစက်ဝန်းမှာ ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေထွက်တာတို့ဆိုရင် ဂျင်းကို ဝါးစားနိုင်သလို ဂျင်းနဲ့ ရေနွေးနဲ့ ဖျော်ပြီး သောက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်

ဂျင်းကို ပုံမှန်စားပေးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါယ်။ ရေခွက်တစ်ဝက်ကို ပွက်ပွက်စူအောင်သည်ပြီး ဂျင်း တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်ကချပြီးခွက်တစ်လုံးထဲထည့်ထားပါ။ အဲဒီနောက်သံပုရာသီးပါးပါးလှီးပြီး နည်းနည်းထည့်ကာ သောက်ပေးပါ။

ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်

ဂျင်းရေနွေးကြမ်းကို အစာမစားခင် မိနစ် ၃၀ အလိုမှာသောက်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

အသားအရေကို စိုပြေလာစေပါတယ်

ဂျင်း၊ ပြားရည်နဲ့ သံပုယိုရည်ကို စတူရောပြီး ဖျော်စက်ထဲထည့်ကာ ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

ဝက်ခြံသက်သာစေပါတယ်

ဂျင်း မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နို့အနည်းငယ်ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဗောက်ကိုလည်း သက်သာစေပါတယ်

အမျိုးသမီးတွေ သတိမထားမိတဲ့ ဆံပင်ကျွတ်ခြင်းရဲ့ နောက်ကွယ်အကြောင်းအရင်းများ

ဂျင်းကိုအမှုန့်ကြိတ်လိုက်ပါ။ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင် သံလွင်ဆီစားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ အဲဒီနောက်သေချာရောလိုက်ပြီး ဦးရေပြားနဲ့ ဆံပင်အနံ့ကိုလိမ်းပေးပါ။ ၁၅ မိနစ်ကနေ ၂၅ မိနစ်ထိထားပြီး ခေါင်းလျှော်ချပါ။

သတိထားရန်

ဂျင်းဟာ နှလုံးနဲ့ အသည်းအတွက်ကောင်းမွန်ပေမယ့် အသည်းရောဂါရှိတဲ့သူတွေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအတွက်မတော့မကောင်းပါဘူး။ တချို့သူတွေ ရင်ပူတာ၊ ဝမ်းလျှောတာနဲ့ အစာအိမ်မသက်မသာဖြစ်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ထိခိုက်ရှနာဖြစ်ထားတဲ့နေရာမှာလည်း ဂျင်းကို မလိမ်းသင့်ပါဘူး။ ကိုယ်ဝန် ၂ လပတ်၊ (သို့) ၃ လပတ်ရှိတဲ့အချိန်မှာလည်း ဂျင်းကို များများမသုံးသင့်ပါဘူး။ ဂျင်းကို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။