Matsutake မှို

Matsutake မှိုဟာ ဂျပန်နိုင်ငံမှာ ထွက်ရှိတဲ့ မှိုဖြစ်ပြီး ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်ရှိပါတယ်။ တခြား အာရှနိုင်ငံတော်တော်များများမှာ လည်း ထွက်ရှိတတ်ပါတယ်။ ဒါပေမယ့် မှိုက အရိပ်ရတဲ့နေရာမှာဘဲ ပေါက်လေ့ရှိတာကြောင့် အင်းဆက်ပိုးမွှားတွေဒဏ်ကြောင့် အနည်းငယ်ဘဲ အကောင်းအတိုင်းကျန်ရှိတာပါ။

Kopi Luwak ကော်ဖီ

Kopi Luwak ကော်ဖီဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတောင်ပိုင်းတို့မှာ စက်ရုံတွေနဲ့ အမြောက်အမြားထုတ်လုပ်နေရတဲ့ ကော်ဖီပါ။ Kopi Luwak က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ကော်ဖီဖြစ်ပြီး ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၁၂၀၀ အထိ ရှိပါတယ်။

ငှက်သိုက် ဟင်းရည်

ဇီဝစိုးငှက် ရဲ့ ငှက်သိုက်ဆိုတာ အားလုံး ကြားဖူးကြမှာပါ။ ဇီဝစိုးငှက်တွေက သူတို့ရဲ့ အသိုက်ကို သူတို့ အန်ဖတ်နဲ့ ဆောက်လုပ်ထားတာကြောင့် ကျန်းမာရေးအတွက် အရမ်းလည်း အဖိုးတန်ပြီး ဈေးလည်းကြီးမြင့်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြိတ်ဘက်မှာ ငှက်သိုက်တွေ ရှိပါတယ်။

တရုတ်နိုင်ငံမှာ ငှက်သိုက်ကို ဟင်းရည်အဖြစ် ချက်ပြုတ်သောက်သုံးလေ့ရှိပါတယ်။ သာမန်အားဖြင့်တော့ ဇီဝစိုးငှက်တွေက ကျောက်နံရံတွေနဲ့ တောင်အမြင့်တွေပေါ်မှာ ဆောက်လုပ်လေ့ရှိတာကြောင့် ငှက်သိုက်ရဖို့အတွက် အရမ်းကို အန္တရာယ်များပါတယ်။ ငှက်သိုက် ၁ ကီလို ဂရမ်ကို အမေရိကန်ဒေါ်လာ ၃ ထောင်လောက် တန်ဖိုးရှိပါတယ်။

ကုံကုမံ

ကုံကုမံကို အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ ကြားလောက်တန်ဖိုးရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၁ နှစအတွင်း ဆောင်းဦးရာသီ၊ ၇ ရက်ဝန်းကျင်ဘဲ စိုက်ပျိုးလို့ရတာကြောင့် ဖြစ်ပါတယ်။ ကုံကုမံ ၁ ကီလိုဂရမ်ရဖို့ အပွင့်ပေါင်း ၃ သိန်းလောက် လိုအပ်ပါတယ်။