နှုတ်ခမ်းသား ဖူးဖူးပြည့်ပြည့်နဲ့ လှနေတာကို လူတိုင်းလိုချင်ကြပါတယ်။ အဲဒီလိုဆိုရင်တော့ အရင်ဆုံး ဆေးလိပ်၊ ကွမ်း မစားဖို့ မသောက်ဖို့လိုပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း နှုတ်ခမ်းညိုတာမျိုးဖြစ်စေနိုင်ပါတယ်။

နှုတ်ခမ်းသားပျက်စီးတာဟာသင်သုံးနေတဲ့ နှုတ်ခမ်းနီကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီဆိုးပြီး အပြင်ကပြန်လာရင် နှုတ်ခမ်းနီကို သေချာဖျက်ပေးပါ။ ပြီးရင် အခုဖော်ပြမယ့်နည်းလမ်းတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားလိုက်ပါ။

ပျားရည်

အိပ်ယာမဝင်ခင်မှာ ပျားရည်လိမ်းပေးပြီး တစ်ညလုံးထားပါ။ မနက်မိုးလင်းရင် ပျားရည်နဲ့ သကြားရောပြီး နှုတ်ခမ်းကို ထပ်ပွတ်ပေးလိုက်ပါ။ ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

ပျားရည်ကို တစ်နေ့ ၃ ကြိမ် ၄ ကြိမ်လိမ်းနိုင်ပါတယ်။

သကြား

နှုတ်ခမ်းနီသေချာဖျက်ပြီးတာနဲ့ သကြားကိုလက်ဖဝါးပေါ်တင်ပြီး နှုတ်ခမ်းသားကို ပွတ်လိမ်းပေးနိုင်ပါတယ်။ ၂ မိနစ်လောက် သေချာပွတ်ပေးပါ။ ပြီးရင်ရေဆေးချလိုက်ပါ။

သံပုရာသီး

သံပုရာသီး (သို့) သံပုယိုသီးအရည်ကို နှုတ်ခမ်းပေါ်မှာ ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ သကြားနဲ့ရောပြီးလည်း လိမ်းပေးနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေတဲ့ နည်းလမ်းကို ညအိပ်ယာမဝင်ခင်တိုင်းလုပ်ပေးနိုင်ပါတယ်။