ရုံးမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ မနက် ၈ နာရီလောက်ဆို ရုံးသွား ညနေ ၆ နာရီ ၇ နာရီလောက်မှပြန်ရောက်လို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတဲ့သူတွေ ရုံးမှာထိုင်နေရင်း ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်း တစ်ချို့ကို မျှဝေလိုက်ပါတယ်။

ပုံစံ ၁

ရုံးမှာ ထိုင်အလုပ်လုပ်နေရင်း ညောင်းလာပြီဆိုရင် ခြေထောက်ကို မြေပြင်နဲ့ထိ ကိုယ်မတ်မတ်ဆန့်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခါးကို ဆန့်ပေးပါ။

ပုံစံ ၂

ကိုယ်ထိုင်နေတဲ့ ထိုင်ခုံကို လက်နောက်ပစ်ကိုင်ပြီး ခြေထောက်နှစ်ဖက်ကို အရှေ့ကိုဆန့်ကာ ခန္ဓာကိုယ်အလည်ပိုင်းကို နှိမ့်ချီ မြင့်ချီလုပ်ပေးရမှာပါ။

ထိုင်ခုံက ဘီးဘာတဲ့ခုံဖြစ်ရင်တော့ စားပွဲကို သုံးပြီး လု်လို့ရပါတယ်။

ပုံစံ ၃

ကွန်ပျူတာနေ့တိုင်း အရိုက်များလို့ ဒါမှမဟုတ် ဖုန်းအမြဲတမ်းနှိမ့်နေလို့ လက်ကောက်ဝတ် ညောင်းညာလာတတ်ပါတယ်။ လက်ကောက်ဝတ်ကို ဘယ်ပြန် ညပြန် ခေါက်ချိုးပေးပါ။

ပုံစံ ၄

တင်ပါးစုံရိုးတွေ ညောင်းလာပြီ နောက်ကျောနလာပြီဆိုရင် ဘယ်ဖက်ခြေထောက်ကို ညဖက်ဒူးပေါ်မတင်လိုက်ပါ။ ပြီးရင် ဘယ်ဖက်က ဒူးနဲ့ ညာဖက်ကဒူးကို မျဉ်းပြိုင်ပုံစံဖြစ်အောက် ဆွဲထားပေးပါ။ ပြီးရင် အသက်နည်းနည်း ရှုပါ။ ခြေထောက်နှစ်ဖက်လုံးကို တစ်ဖက်ဆီ လုပ်ပေးပါ။

ပုံစံ ၅

ပုခုံးတွေ လည်ပင်းတွေ ညောင်းလာပြီဆိုရင်တော့ ခေါင်းကိုက်လာတတ်ပါတယ်။ အဲဒါဆိုရ် လက်နှစ်ဖက်ကို အနောက်ပစ်ပြီး ရင်ဘတ်ကို ဖွင့်ကာ အခုလို လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။

အဲလိုလုပ်တဲ့နေရာမှာ ခုံပေါ်ကနေ ခဏလောက်ထပြီး ကြမ်းပြင်မှာ ထိုင်ချကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပါ။ အဲဒီလက်နှစ်ဖက်ကို ကိုယ်ထိုင်ခဲ့တဲ့ ခုံပေါ်မှာ တင်ထားလို့လည်းရပါတယ်။ ပြီးရင် အသက်ရှုပေးပါ။

ပုံစံ ၆

ဒီလိုပုံစံထိုင်ပြီး ညာဖက်ဒူးပေါ် ဘယ်ဖက်လက်တင်၊ ညာဖက်လက်ကို ကြမ်းပြင်ပေါ်ချကာ ခန္ဓာကိုယ်ကိုလည်း ညာဖက်ကို လှည့်ပြီးလုပ်ပေးရမှာပါ။ တစ်ဖက်တစ်ချက်ဆီကို လုပ်ပေးပါ

ပုံစံ ၇

အမြဲတမ်းခုံမှာပဲ တစ်နေကုန်ထိုင်တာဟာ ကျန်းမာရေးအတွက်အကောင်းဘူးဆိုတာ လူတိုင်းသိကြမှာပါ။ အဲဒီအခါ လက်နှစ်ဖက်ကို ပိုက် အရှေ့ထုတ်ပြီး ခါးကို ဘက်လှည့် ညာလှည့်လုပ်ပေးရမှာပါ။