သင့်ကို လူတွေက နုတယ်ပြောကြလား။ ရှိရင်းရှိအသက်ထက် ပိုပြီးရင့်တယ်လို့ ပြောကြလား။ သင့်ကို ရှိရင်းစွဲအသက်ထက်ပိုပြီး အိုမင်းရင့်ရော်စေတဲ့ အကျင့်ဆိုးတွေကို မျှဝေပေးချင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းလေးတွေကို ရှောင်ရင်း ဆောင်ရင်းနဲ့ သင့်ရဲ့ နုပျိုခြင်းကို ရယူလိုက်ပါ။

၁။ အဆီမပါသော အစားအစာစားခြင်း

အရေးကြောင်းတွေကို ကာကွယ်ဖို့ဆိုရင် Omega 3 Fatty Acid ကိုစားပေးသင့်ပါတယ်။ အဆီမပါဝင်တဲ့အစားအစာကိုပဲ အမြဲတမ်းစားပေးတာဟာ သင့်ကို အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။

၂။ ပိုက်နဲ့ သောက်ခြင်း

ပိုက်သေးသေးလေးကို အသုံးပြုပြီး အအေးသောက်တာ၊ ရေသောက်တာမျိုးဟာ သင့်နှုတ်ခမ်းနားက အသားအရေကို အရေးကြောင်းဖြစ်လွယ်စေပါတယ်။ ဆေးလိပ်သောက်ရင်လည်း အတူတူပါပဲ။ ဒါ့ကြောင့် ရေသောက်မယ်ဆိုရင်ပဲဖြစ်ဖြစ် အအေးသောက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီအတိုင်း ခွက်နဲ့မော့သောက်ပေးပါ။

၃။ ဘေးစောင်းအိပ်ပေးခြင်း

မျက်နှာကို ခေါင်းအုံးနဲ့ထိပေးပြီး ဘေးစောင်းအိပ်ပေးတာဟာ ပါးပြင်နဲ့ လည်ပင်းမှာ အရေးကြောင်း ဖြစ်လွယ်စေပါတယ်။ ပက်လက်အိပ်ပေးတာက သင့်အသားအရေအတွက်ပိုကောင်းပါတယ်။

၄။ ကိုယ်ဟန်အနေအထားမမှန်ခြင်း

ခါးကုန်းကုန်းထိုင်ပေးတာမျိုး၊ ကျောကို မှီပြီးထိုင်ပေးတာမျိုးကလည်း သင့်ရဲ့ကျောရိုး နာကျင်စေပါတယ်။ ကြာလာရင် ညအိပ်လို့မပျော်တာမျိုးဖြစ်လာစေပါတယ်။

၅။ ခရီးသွားမှသာ UV ပါတဲ့ခရင်မ်လိမ်းပေးခြင်း

တကယ်တော့ အပြင်သွားရင်ပဲဖြစ်ဖြစ် အိမ်ထဲမှာနေရင်ပဲဖြစ်ဖြစ် မျက်နှာမှာရော ခန္ဓာကိုယ်တစ်ခုလုံးမှာပါ FPS ၃၀ ပါဝင်တဲ့ ခရင်မ်မျိုးကိုလိမ်းပေးထားပါ။

၆။ မီးလုံခြင်းနှင့် သင့်အခန်းအတွင်း အရမ်းအေးအောင်၊ (သို့) အရမ်းပူအောင်ထားခြင်း

တောင်ပေါ်ဒေသတွေမှာဆို အရမ်းအေးရင် မီးပုံပြီး မီးလုံကြတဲ့အလေ့အထ ရှိပါတယ်။ Air Con ကိုအေးနေအောင်ဖွင့်ပြီးနေတာ၊ ဆောင်းတွင်းမှာ အပူဖွင့်ပြီးနေတာဟာ သင့်အသားအရေကို ခြောက်သွေ့စေပြီး အရေးကြောင်းပိုဖြစ်စေပါတယ်။

၇။ သကြားစားသုံးမှုလျှော့ချပါ

သကြားဟာ သင့်အသားအရေကို အမြန်ဆုံး အိုမင်းရင့်ရော်စေသလို သွားအတွက်လည်းမကောင်းပါဘူး။ ဒါ့ကြောင့် သကြားစားသုံးမှုကိုလျှော့ချပါ။

၈။ TV အရမ်းကြည့်ခြင်း

TV အလွန်အကျွံကြည့်တာဟာ သင့်အသားအရေကိုရော မျက်လုံးကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပေးပါ။

၉။ အိပ်ရေးပျက်ခြင်း

တစ်နေ့ကို အိပ်ချိန် ၇ နာရီထက်နည်းအိပ်တဲ့သူတွေရဲ့ အသားအရေဟာ ညစ်နွှမ်းပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်။

၁၀။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတာဟာလည်း ဆဲလ်တွေကိုထိခိုက်ပျက်စီးစေပြီး သင့်အသားအရေကို အိုမင်းရင့်ရော်စေသလို အရေးကြောင်းဖြစ်စေပါတယ်။ စိတ်ဖိစီးမှုပြေပျောက်အောင် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။