ကိုယ်ရဲ့အသွင်အပြင်က လက်ရှိအသက်ထက်ပိုပြီး ရင့်နေတယ်လို့ထင်ရပါသလား။ မျိုးရိုးဗီဇအပြင်ကို အိုမင်းရင့်ရော်စေနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။

ဒီအတွက် Botox သို့မဟုတ် ပလတ်စတစ်ဆာဂျရီတွေ ပိုက်ဆံအကုန်အကျခံပြီး လုပ်စရာမလိုဘဲ ငယ်ရွယ်တဲ့အသွင်ကို ရရှိနိုင်ဖို့ ရှောင်ရန်ဆောင်ရန်  လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အဆီနည်းတဲ့ Diets

အရေးအကြောင်းများကို ကာကွယ်ဖို့အတွက် အိုမီဂါသရီး ဖက်တီးအက်စစ် သုံးစွဲဖို့ အရေးကြီးပါတယ်။ အသားအရေကို တင်းတင်းရင်းရင်းနဲ့ ချောမွေ့မှုရှိစေတဲ့အတွက် အဆီနည်းတဲ့ Diets စားမိတယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ ဖြစ်လာနိုင်ပါတယ်။

၂။ ပိုက်နဲ့သောက်ခြင်း

အအေးဖြစ်ဖြစ် ရေဖြစ်ဖြစ် ပိုက်နဲ့သောက်ခြင်းက ပါးစပ်တဝိုက်မှာ အရေးအကြောင်းတွေ ပါးရေတွန့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ခွက်နဲ့ပဲသောက်ပေးပါ။

၃။ ဘေးစောင်းအိပ်ခြင်း

ခေါင်းအုံးပေါ်မျက်နှာဖိပြီး ဘေးစောင်းအိပ်ခြင်းက ပါးနဲ့မေးစေ့တွင် အရေးအကြောင်းတွေပေါ်လာစေပါတယ်။ ဒါကြောင့် ပက်လက်လှန်အိပ်ခြင်းက နုပျိုမှုကိုထိန်းသိမ်းရန်အတွက် အကောင်းဆုံးပါပဲ။

၄။ ကိုယ်နေဟန်ထားမမှန်ခြင်း

ကိုယ်နေဟန်ထား အမှန်မရှိခြင်းက ကျောရိုးတည့်တည့်မရှိတော့ဘဲ ကြွက်သားတွေ အရိုးတွေ ပုံမှန်မဟုတ်ဘဲ တင်းရင်းလာပါတယ်။ ထိုမှတဆင့် နာကျင်မှုတွေ၊ မူးဝေခြင်းတွဖြစ်ပေါ်လာနိုင်ပါတယ်။

၅။ ခရီးသွားချိန်သာ နေလောင်ခံခရင်မ်လိမ်းခြင်း

ခရမ်းလွန်ရောင်ခြည်များနှင့် အလွန်အကျွံထိတွေ့မိခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်လာစေနိုင်လို့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် နေလောင်ခံခရင်မ်ကို အပြင်ထွက်တိုင်းလူးပေးပါ။

၆။ သကြား

သကြားက ကိုယ်တွေအတွက် အထောက်အကူမပြုနိုင်သလို စိတ်ဖိစီးမှုများလည်း ထိုနည်းတူပါပဲ။ စိတ်ညစ်လာပြီဆိုရင် စိတ်ပျော်ရွှင်ဖို့ အချိုစားတတ်ကြပေမယ့် အကျင့်မဖြစ်အောင် ကြိုးစားပါ။

၇။ တီဗွီအလွန်ကြည့်ခြင်း

တစ်နာရီကြာ တီဗွီထိုင်ကြည့်ခြင်းက ၂၂ မိနစ် အသက်တိုသွားစေနိုင်လို့ ကုလားထိုင် သို့မဟုတ် ဆိုဖာပေါ်မှာ ကြည့်နေပါစေ နာရီဝက်ကြာရင် လမ်းအနည်းငယ်လျှောက်ပေးပါ။

၈။ အိပ်ရေးပျက်ခြင်း

အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်ညလျှင် အနည်းဆုံး အိပ်ချိန် ၇ နာရီရှိသင့်ပါတယ်။ အိပ်ရေးမဝဘူးဆိုရင် ပင်ပန်းနွမ်းနယ်တဲ့ ပုံပေါက်စေပြီး အသက်လည်းတိုစေပါတယ်။

Source: BrightSide