ကျောရိုးက သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ။ ဒါကြောင့် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကျောရိုးတို့၊ ခါးရိုးတို့ကို ဂရုစိုက်သင့်ပါတယ်။

သွားတိုက်တဲ့အခါ

မတ်တပ်ရပ်တာက လမ်းလျှောက်တဲ့အချိန်ထက် ကျောရိုးပေါ်မှာ သက်ရောက်တဲ့ အားပိုပြင်းထန်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အချိန်မှာ နံရံကို လက်နဲ့ ထောက်ထားတာဖြစ်ဖြစ် ဘေစင်ကို လက်နဲ့ကိုင်ထားတာဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

ပန်းကန်ဆေး

ပန်းကန်ဆေးရင် ဒီအတိုင်း မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း အချိန်ကြာတဲ့အခါမှာ နောက်ကြောမှာ အောင့်တာတွေ ခံစားရတာပါ။
ခွေးချေတစ်လုံးကို ယူပြီး ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်မှာတင်ပြီး ဆေးရင် ကျောရိုးပေါ် ဖိအားသက်ရောက်မှုကို လျှော့ပေးပါတယ်။

အိတ်တွေသယ်လာရင်

ဈေးဝယ် စင်တာက အပြန် အိတ်တွေသယ်လာရင် လက်နှစ်ဖက်မှာ မျှတအောင်ဆွဲပေးပါ။ အိတ်အလေးတွေကို မတဲ့အချိန်မှာ ခါးမကွေးဘဲ ဒူးကွေးပြီးတော့မပေးပါ။ မဟုတ်ရင် ခါးနာတာတွေ ဖြစ်တတ်ပါတယ်။

ကြမ်းတိုက်ရင်

နေ့တိုင်းနီးပါးမဟုတ်ပေမယ့် တစ်ပတ်ကို တစ်ခါလောက်တော့ အိမ်သန့်ရှင်းရေး လုပ်ကြပါတယ်။ အဲ့လို အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ ကြမ်းတိုက်ဒုတ်အရှည်ကိုသာ သုံးပြီးတိုက်ပေးပါ။ ရိုးရိုးအဝတ်ကို ရေစွတ်ပြီး ခါးကုန်းပြီးတိုက်ရင် ခါးရိုးနဲ့ ကျောရိုးကို ထိခိုက်နိုင်ပါတယ်။

ဖိနပ်စီးရင်

ဖိနပ်စီးရင် ခါးကုန်းပြီး စီးလိုက်တာများပါတယ်။ ဒါတွေက အခန့်မသင့်ရင် ကျောရိုးကိုထိခိုက်စေပြီး ကျောရိုးကိုလည်း ပြားစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ထိုင်ခုံတစ်ခုပေါ်မှာထိုင်ပြီး ခြေထောက်ကို ထိုင်ခုံပေါ်မှာတင်ပြီး သေချာ ဖိနပ်စီးသင့်ပါတယ်။