ကျွန်မတို့ရဲ့ နေထိုင်စားသောက်ပုံ အပြုအမူတွေဟာ ကျွန်မတို့ရဲ့ အသားအရေ နုပျိုခြင်း အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ နုပျို ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်က အာဟာရဓာတ်ညီညွှတ်မျှတအောင်စားတာနဲ့ အားကစားပုံမှန်လုပ်ပေးတာပါပဲ။

အိပ်တတ်တဲ့ ကိုယ်ဟန်အနေအထား

သင်ဟာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး အိပ်တတ်ပါသလား။ အဲဒီလိုအိပ်တတ်ရင် သင့်အသားအရေကို ထိခိုက်ပျက်စီးပေါတယ်။ ခေါင်းအုံးမှာ ဘက်တီးရီးယားတွေများစွာကပ်ညှိနေတာကြောင့် ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး မအိပ်သင့်ပါဘူး။

နေကာမျက်မှန်မသုံးခြင်း

နေကာမျက်မှန်မသုံးတာဟာ သင့်မျက်လုံးဘေးနားက အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ မျက်လုံးကိုလည်း ထိခိုက်စေသလို၊ သင့်မျက်လုံးနားတဝိုက်က အသားအရေကို အရေးကြောင်းတွေဖြစ်စေပါတယ်။

အစာစားခြင်း

သင်ဟာ အစာစားတဲ့အခါ တဖက်တည်းကပဲ ဝါးနေရင် မကောင်းပါဘူး။ သင့်မျက်နှာတစ်ဖက်တည်းရဲ့ ကြွက်သားကိုပဲ သန်မာစေပြီး ကျန်တစ်ဖက်ကတော့ အားနည်းနေစေမှာဖြစ်ပါတယ်။

ဖုန်းပြောခြင်း

ဖုန်းပြောတဲ့အခါ ဖုန်းကို ပါးနဲ့ လုံးဝကပ်နေအောင်ကိုင်တာမျိုးမလုပ်သင့်ပါဘူး။ ပုခုံးနဲ့ နားကြားမှာ ညှပ်ပြီး ပြောတာဟာ လည်ပင်းနားမှာ အရေးကြောင်းဖြစ်စေသလို ပါးပြင်က အသားအရေကိုလည်း ပျက်စီးစေပါတယ်။

ဖုန်းသုံးခြင်း

သင့်အသားအရေကို (၁၀)နှစ်လောက် အိုမင်းရင့်ရော်စေတဲ့ သင်နေ့တိုင်းပြုလုပ်မိတဲ့ အမှားလေးတွေ

သင်ဖုန်းအသုံးပြုတဲ့အခါတိုင်း အောက်ကိုငိုက်စိုက်ကြည့်ပြီးပဲ သုံးနေမယ်ဆိုရင်တော့ သင့်မျက်နှာမှာ အရေးကြောင်းဖြစ်လာစေပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ဇက်ညောင်းတာမျိုးဖြစ်စေပြီး အကြောတက်စေပါတယ်။

ပါးကို လက်ဖဝါးပေါ်တင်ခြင်း

လက်ဖဝါးဆိုတာ အရာဝတ္ထုတွေကိ ုထိတွေ့ကိုင်တွယ်နေတာမို့ သင့်ဘက်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေပါတယ်။ ဒါ့ကြောင့် သင့်ဘက်ဖဝါးနဲ့ ပါးကိုခဏခစထိတာမျိုးမလုပ်သင့်ပါဘူး။

ရေအရမ်းပူပူနဲ့ ရေချိုးခြင်း

ရေအရမ်းပူတာနဲ့ ရေချိုးရင်း အသားအရေ ခြောက်သွေ့ပျက်စီးစေပါတယ်။ အဲဒီအစား ရေကို နွေးရုံလောက်နဲ့ပဲ ရေချိုးပါ။

Aircon အောက်မှာ တနေကုန်နေခြင်း

Air con လေဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် AC လေနဲ့ တစ်နေကုန်မနေသင့်ပါဘူး။