ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးသူပေါင်း သန်း ၁ ထောင်နီးပါးရှိပြီး နှစ်စဉ် ၅ သန်းလောက်က ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးကြပါတယ်။

စက္ကန့်အားဖြင့်တွက်ရင် ၆ စက္ကန့်မှာ ၁ ယောက် သေဆုံးကြပါတယ်။

ဒါကြောင့် ဆေးလိပ်မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့က ခက်ခဲကြပါတယ်။

ဆေးလိပ်သောက်သူတွေအတွက် သဘာဝနည်းဖြင့် အဆုတ်ဆေးနိုင်မယ့် နည်းလမ်းကို ဝေမျှပေးပါမယ်။

ပါဝင်ပစ္စည်းများ

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ ၄၀၀ ဂရမ်

တောက်တောက်စဉ်းထားတဲ့ ဂျင်း ၁ တုံး

sugar

အညိုရောင် သကြား ၄၀၀ ဂရမ်

နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရေ ၁ လီတာ

ပြုလုပ်နည်း

အိုးတစ်လုံးထဲ ရေကို လောင်းထည့်ပြီး အပူပေးထားပါ။ အညိုရောင် သကြားကို ထည့်ပါ။ ရေနွေးဆူလာရင် နနွင်း၊ ဂျင်း၊ ကြက်သွန်နီကို ထည့်ပါ။ အပူချိန်ကို လျှော့ပြီး နောက်ထပ် မိနစ်အနည်းငယ်လောက် ချက်ပါ။ အခန်းအပူချိန်မှာ အအေးခံပြီး ရေခရားထဲ သို့မဟုတ် ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

မနက်မိုးလင်း မနက်စာ မစားခင် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ညနေ ကျရင် ထမင်းမစားခင် ၂ နာရီ အကြာမှာ စားပွဲတင်ဇွန်း ၂ ဇွန်း သောက်ပါ။