ကြက်ဥကို စားရုံမကဘဲ အလှအပအတွက်လည်း သုံးနိုင်ပါတယ်။ ကြက်ဥအနှစ်နဲ့ Mask လုပ်ကြတာရှိပေမယ့် ဒီတစ်ခါ ကြက်ဥအကာနဲ့ မျက်နှာပေါင်းတင်ကြည့်ပါမယ်။

ကြက်ဥအကာက ချွေးပေါက်ကျဉ်းစေတဲ့အပြင် အသားအရေကို တင်းရင်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နှာခေါင်းပေါ်မှာ ရှိတဲ့ မဲမဲအစက်လေးတွေက အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်။

ဒါတွေကို ကြက်ဥအကာ သုံးပြီးတော့ အလွယ်တကူခွာပစ်လို့ ရပါပြီ။ ကြက်ဥအကာက မျက်နှာမှာရှိတဲ့ ဖုန် အညစ်အကြေးနဲ့ အဆီတွေကိုပါ ခွာထုတ်သွားမှာ ဖြစ်ပါတယ်။

ကြက်ဥတစ်လုံးကိုယူ၍ အနှစ်သပ်သပ် အကာသပ်သပ်ခွဲပါ။

အကာကို ခက်ရင်းနဲ့ နာနာခေါက်ပါ။ မျက်နှာကို သေချာစွာ သန့်စင်ပြီးလျှင် ခေါက်ထားသော ကြက်ဥအကာကို နှာခေါင်းပေါ်တွင် သုတ်ပေးပါ။

နှစ်လွှာပါသော တစ်ရှူးတစ်ရွက်ကို ယူပြီး တစ်လွှာစီခွဲပါ။ ခွာထားသော တစ်လွှာကို နှာခေါင်းပေါ်ကပ်ပေးပါ။

ခြောက်သွားလျှင် ခွာလိုက်ပါ။ ဆားဝက်ခြံများ ကပ်ပါသွားမှာဖြစ်ပါတယ်။