သင်၏စိတ်ဖိစီးမှုအလုံးကို ဘယ်နေရာမှာလျှော့ချရမှန်းမသိတာတွေ အချိန်မရှိတာတွေကြောင့် စိတ်ဖိစီးမှုပိနေရင် တခြားနည်းလမ်းတွေနဲ့ သင်ဖြေလျှော့ နိုင်ပါတယ်။ လက်မစုပ်ခြင်းက သင်ရဲ့စိတ်ဖိစီးမှုကို ကိုင်တွယ်ရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်နိုင်ပြီး သင့်စိတ်ဖိစီးမှု အဆင့်ကို လျှော့ချရန်အတွက် လိမ္မော်သီးဖျော်ရည်ကို သောက်နိုင်ပါတယ်။

ဒီဆောင်းပါးကနေပြီး သင်ရဲ့စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းရန် အလွယ်ကူဆုံးနည်းလမ်းအချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

၁။ သင်၏လက်ချောင်းများကို resetခလုတ်ဖြင့် အသုံးပြုပါ။

Source;Brightside

သင့်လက်ကိုပါးစပ်ထဲသို့ထည့်ပြီးမှုတ်လိုက်ခြင်းကစိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်ပါတယ်။ သင်ရဲ့လက်မဖြင့်ပိတ်ဆို့ပြီး လေမှုတ်ခြင်းက သင့်ရဲ့ vagus အာရုံကြောကို သွားသက်ရောက်စေပါတယ်။ ၎င်းကသင်ရဲ့နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်ကိုကျဆင်းစေပြီးသင့်အားစိတ်အေးလက်အေးဖြစ်စေနိုင်တယ်။

လူမြင်ကွင်းတွင်အဲ့လိုပြုလုပ်ရင် သင်ရှက်ပါကသင်ရဲ့ဒုတိယနှင့်တတိယလက်ကြားရှိ အမှတ်သို့ဖိလိုက်ပါ။ ဒီအရာကလည်း သင့်အား ဖိစီးမှုနည်းပါးသောခံစားမှုဖြစ်စေရန် reset ခလုတ်တစ်ခုအနေဖြင့်အလုပ်လုပ်နိုင်ပါတယ်။

၂။ပီကေဝါးပါ။

လေ့လာမှုတစ်ခုအရ ပီကေက အလုပ်ခွင်ထဲမှာရော အပြင်အလုပ်တွင်ပါ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့လာမှု၏ရလဒ်များက ၎င်းကပင်ပန်းနွမ်းနယ်မှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျမှုကိုလျှော့ချနိုင်ပြီး ပိုမိုကောင်းမွန်သောစိတ်ဓာတ်ကိုဖြစ်ပေါ်စေနိုင်တယ်လို့ ထပ်မံဖော်ပြခဲ့ပါတယ်။

၃။သင်နှင့်အတူအပင်တစ်ပင်ထားပါ။

အပင်တစ်ပင်ကသင်ရဲ့အလုပ်စားပွဲပေါ်တွင်အလှဆင်ပစ္စည်းတစ်ခုဖြစ်ရုံသာမကစိတ်ဖိစီးမှုသက်သာစေနိုင်တယ်။ လေ့လာမှုတစ်ခုအရ ရုံးခန်းအတွင်းရှိအပင်များရှိနေခြင်းက သွေးပေါင်ချိန်ကိုချက်ချင်းလျော့ကျစေပြီးကုန်ထုတ်စွမ်းအားကိုပင်တိုးစေနိုင်ပါတယ်။

၄။အော်ငိုပစ်လိုက်ပါ။

Source; shutterstock.com
အရွယ်ရောက်တဲ့သူတွေငိုနေတာကိုအားနည်းတဲ့သူလို့ယူမှတ်ကြတဲ့အယူအဆ ကျွန်မတို့မှာရှိပါတယ်။ ဒါပေမယ့်တကယ်တော့ စိတ်ဖိစီးမှုကို ကောင်းအောင်လုပ်ဖို့ဆိုတာ စိတ်ဖိစီးမှုကို လျှော့ချဖို့ပဲလိုတာပါပဲ။ စိတ်ဖိစီးမှုက ကြွက်သားများကိုတင်းကျပ်ပြီးတင်းမာမှုတိုးစေတယ်။ ဒါကြောင့် သင်ငိုသည့်အခါသင်စိတ်ဖိစီးမှုအချို့ကိုလွှတ်လိုက်တာ” လို့စိတ်ပညာရှင်စတီဖင်စိုင်းဒါရော့ဖ်ကဆိုပါတယ်။

၅။လက်စွဲဆောင်ပုဒ်တစ်ခုကိုင်စွဲပါ။

Source; shutterstock.com

ကိုယ့်ကိုယ်ကိုခွန်အားဖြစ်စေတဲ့ဆောင်ပုဒ်က နာတာရှည်စိတ်ဖိစီးမှုလျော့ချခြင်းတွေနဲ့ နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်ကျဆင်းခြင်းတို့နဲ့ ဆက်နွယ်သော တရားအားထုတ်တဲ့ ပုံစံတစ်မျိုးဖြစ်တယ်။ ၎င်းက အချိန်အများကြီးမလိုအပ်သလို ဘာကိရိယာပစ္စည်းမှ မလိုအပ်ပါဘူး။ သင်လုပ်ရမယ့်အရာမှာ သင့်မျက်စိကိုပိတ်ပြီး အဲဒီဆောင်ပုဒ်ကို စိတ်ငြိမ်သက်အေးချမ်းတဲ့အထိ ရွတ်ဖတ်နေဖို့ပဲ လိုပါတယ်။