အရွယ်တင်နုပျိုတယ်ဆိုတာ သင့်ရဲ့လူနေမှုပုံစံနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ရှိရင်းစွဲအသက်ထက် ပိုပိုပြီးနုပျိုသွားစေမယ့် လျှို့ဝှက်ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

စိတ်ဖိစီးမှုကို သက်သာအောင်နေပါ။ စိတ်ဖိစီးမှုလျော့စေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုများတာဟာ အသားအရေကို အိုမင်းရင့်ရော်စေပြီး အရေးကြောင်းတွေ အမည်းစက်တွေဖြစ်ပေးစေပါတယ်။

၂။ ဆံကေသာကို ဂရုစိုက်ပါ

နုပျိုစိုပြေဖို့ဆိုရင် သင့်အသားအရေကိုသာမက ဆံကေသာကိုပါဂရုစိုက်ဖို့လိုပါတယ်။ ဆံပင်ဖြူတာမျိုး၊ ဆံပင်ခြောက်သွေ့ကြမ်းတမ်းတာမျိုးဖြစ်ရင် သင့်ကို ဘယ်လိုမှ နုပျိုစေမှာမဟုတ်ပါဘူး။

၃။ အဆီစားပါ

တချို့က ဝမှာစိုးလို့ အဆီရှောင်ကြပါတယ်။ အဆီလို့ဆိုရာမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မပြည့်ဝဆီကို ဆိုလိုတာပါ။ သံလွင်ဆီ၊ ထောပတ်သီး၊ ဆဲလ်မွန်ငါးတွေမှာလည်း တွေ့ရပါတယ်။

၄။ ဆပ်ပြာလျှော့သုံးပါ

ဆပ်ပြာကို အများအပြားသုံးတာဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဆပ်ပြာအသုံးပြုမှုကို လျှော့ချပါ။ ရေချိုးပြီးရင် Lotion လိမ်းပေးသင့်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ သင့်ကို ကျန်းမာစေရုံသာမက သင့်ကို နုပျိုစေပါတယ်။ ယနေ့ခေတ်မှာ လုပ်ငန်းခွင်တော်တော်များများက ထိုင်ပြီးအလုပ်လုပ်ရတာများတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

၆။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်ပါ။ တစ်နေ့ကို ၇ နာရီ ၈ နာရီထိအိပ်ပေးသင့်ပါတယ်။ အိပ်ရေးမဝတာဟာ သင့်အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

၇။ ရေနဲ့ ရေနွေးကြမ်းများများသောက်ပါ

တစ်နေ့ကို ခွက်အကြီးနဲ့ ၈ခွက်လောက်သောက်သင့်ပါတယ်။ ရေပဲသောက်ရတာအဆင်မပြေရင် ရေနွေးကြမ်းသောက်ပေးနိုင်ပါတယ်။

၈။ အသီးအနှံများများစားပါ

သင်ဟာ အသီးအနှံကို လုံလောက်စာမစားဘူးဆိုရင် သင့်အသားအရေအတွက်လည်းမကောင်းပါဘူး။ အသီးအနှံမှာ ဗီတာမင်ဓာတ်တွေ အများအပြား ပါဝင်ပြီး သင့်အသားအရေကို နုပျိုစိုပြေစေပါတယ်။