အစာမကြေတာမျိုး လူတိုင်းလိုလို ကြုံဖူးကြပါတယ်။ အစာမကြေဖြစ်ရင် နေရခက်လှပါတယ်နော်။ အစာမကြေဘူးဆိုရင် လေပွတာ လေချဉ်တက်တာ ပျို့တာ ရင်ပူတာတွေဖြစ်စေပါတယ်။

ဒါ့ကြောင့် အစာမကြေတာတွေကို အမြန်ဆုံးကုသနိုင်ဖို့ အိမ်တွင်း ဆေးနည်းတွေကို မျှဝေပေးချင်ပါတယ်။

နည်းလမ်း (၁)

ဆားနဲ့ ဂျင်းမှုန့်

ဂျင်းမှုန့်အခြောက် (ဂျင်းကို အမှုန့်ကြိတ်ပြီးခြောက်အောင်ထားပါ) ကို ဆားနဲ့ရောလိုက်ပါ။

ပြီးရင် ရေပူပူနဲ့ စိမ်ပြီးသောက်ပေးပါ။

နည်းလမ်း ၂

Ripe Sliced Lime and Lemon Isolated on White

သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီး (သို့) သံပုရာသီးကိုအရည်ညှစ်ပါ။ အဲဒီအရည်ကို ရေနွေးပူပူထဲ ၄ ချိုး ၁ ချိုးထည့်ပြီးသောက်ပါ။

တစ်နေ့ကို ၃ ကြိမ်သောက်ပေးပါ။

နည်းလမ်း ၃

မာလကာရွက်ကိုရေနဲ့ပြုတ်လိုက်ပါ။ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

lemon-juice

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း

03-home-remedies-honey

ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း

Closeup view of cumin and cumin powder

ဇီယာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့

coriander-cumin-powder-250x250

နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာသမအောင်မွှေပါ။ ပြီးရင် နေ့လည်စာမစားခင် ၁ နာရီအလိုမှာ ၁ ခါ ညစာမစားခင် ၁ နာရီအလိုမှာတစ်ခါ သောက်ပေးပါ။

အစာမကြေခြင်းကိုအမြန်ဆုံးသက်သာစေမှာဖြစ်ပါတယ်။

Featured Image Source: Independent.ie