နှာခေါင်းမှာ သွေးကြော သေးသေးလေးတွေ ရှိပါတယ်။ ဒါက အရမ်းအထိမခံနိုင်တဲ့နေရာဖြစ်ပြီး အလွယ်တကူ နာကျင်ပေါက်လွယ်ပါတယ်။

နှာခေါင်းသွေးတွေက ရုတ်တရက် မထင်မှတ်ထားတဲ့အချိန်မှာ ယိုတတ်လေ့ရှိပါတယ်။ နှာခေါင်းမှာရှိတဲ့ အကျိအချွဲ အမြှေးပါး လေးက ခြောက်ပြီး မာကြောနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

သွေးကျဲဆေး သောက်ထားသူတွေ နှင့် အသက်အရွယ်ကြီးလာတာကြောင့် သွေးခဲဖို့ ခက်ခဲသူတွေမှာ ဖြစ်လာတတ်ပါတယ်။

တခါတလေ ဓာတုပစ္စည်း ဓာတ်မတည့်မှုတွေ၊ အပူချိန်ပြင်းထန်မှုတွေနဲ့ အဆက်မပြတ်နှာချည်မှုတွေကြောင့် နှာခေါင်းသွေးယိုတတ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ဖြစ်တဲ့ နှာခေါင်းသွေးယိုမှုဆိုရင်တော့ အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ခဏခဏ နှာခေါင်းသွေးယိုနေရင်တော့ တခြား ကျန်းမာရေး ပြဿနာတွေရှိနေနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသ သင့်ပါတယ်။

ရေခဲ

နှာခေါင်းသွေးယိုနေပြီဆိုရင် ရေခဲကို နှာခေါင်းပေါ်မှာ တင်ပေးထားရပါမယ်။ ရေခဲရဲ့ အအေးချိန်က သွေးကြောလေးတွေကို ကျဉ်းစေပြီး သွေး စီးဆင်းမှုကို လျော့နည်းစေကာ သွေးတိတ်စေပါတယ်။

ပြုလုပ်နည်း

ရေခဲကို အဝတ်သန့်သန့်လေးနဲ့ အုပ်လိုက်ပြီး နှာခေါင်းပေါ်မှာ တင်လိုက်ပါ။ ရေခဲကို ၅ မိနစ်ကနေ ၁၀ မိနစ်ကြား (ကိုယ်ခံ နိုင်သလောက် ကပ်ထားပေးပါ)။ လိုအပ်ရင် ခဏခဏ ပြန်ကပ်ပေးပါ။

ပန်းသီး ရှာလကာရည်

Source: Z Living

ပန်းသီး ရှာလကာရည်က နှာခေါင်းသွေးယိုတာကို စက္ကန့်ပိုင်း အတွင်း ရပ်တန့်စေပါတယ်။ ပေါက်နေတဲ့ သွေးကြောလေးတွေကို ပြန်ပိတ်နိုင်ပြီး သွေးစီးဆင်းမှုကိုလည်း လျော့ကျစေပါတယ်။

ပြုလုပ်နည်း

ဂွမ်းကို ရှာလကာရည်ထဲကို နှစ်လိုက်ပြီး နှာခေါင်းပေါက်ထဲကို ထည့်ထားပေးပါ။ ၈ မိနစ်ကနေ ၁၀ မိနစ်ကြားလောက်ထားထားပါ။ နှာခေါင်းသွေးလျှံတာ ရပ်တဲ့အထိ ထပ်ခါထပ်ခါ လုပ်ပေးပါ။

ရေရှုူပါ

Source: EcoParent magazine

နှာခေါင်းသွေးလျှံနေရင် ရေသန့်သန့် ကို ရေခွက်တစ်လုံးထဲထည့်ပြီး ရှူပေးပါ။ ဒါဆိုရင်လည်း နှာခေါင်းသွေးအလွယ်တကူ ရပ်တန့်စေပါတယ်။

Featured Image Source: Medical News Today