ဆီးချိုဟာ ယနေ့ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ရောဂါတွေထဲက တစ်ခုပါ။

ဆီးချိုဖြစ်ပြီဆိုရင် ကုသနိုင်တဲ့ဆေး ခုထိမရှိသေးပါဘူး။ ဒါပေမယ့် ဆီးချို ပမာဏကိုထိန်းပြီး လူ့သက်တမ်းစေ့နေသွားနိုင်ပါတယ်။ ဆီးချိုထိန်းဖို့ဆိုရာမှာ အစားအသောက် အနေအထိုင် ဂရုစိုက်ဖို့လိုပါတယ်။ ဆီးချိုကျစေမယ့် အစားအစာတွေများများစားပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရမှာပါ။

ဆီးဖြူသီး

ส่วนประกอบ-03

ဆီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး သရက်ရွတ်ရဲ့ လုပ်ဆောင်မှုကို မြင့်တင်ပေးပါတယ်။

ဆီးဖြူသီးအနည်းငယ်ကို အခြောက်ခံပါ။

တကယ်လို့ အခြောက်မခံချင်ဘူးဆိုရင်လည်း ပါးပါးလေးလှီးပေးလိုက်ပါ။ ပြီးရင် ကြိတ်လိုက်ပါ။

ကြိတ်ပြီးရင် အဝတ်သန့်သန့်ထဲထည့်ပြီး အရည်ညှစ်ချပါ။

amla juice good good

အဲဒီအရည်ကို မနက်ခင်မှာ သောက်သုံးပေးပါ။

သောက်တဲ့နေရာမှာ ဆီးဖြူသီး စားပွဲတင်ဇွန်း ၅ ဇွန်း ၆ ဇွန်းကိုဒီအတိုင်းပဲဖြစ်ဖြစ် ရေနဲ့ရောပြီဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

Lettuce-And-Indian-Gooseberry-Juice

ဆီးဖြူသီးကို ဆားရေစိမ်ပြီးသောက်ရင်လည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အချဉ်စားချင်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်လည်း သင့်တော်ပါတယ်ရှင့်။

Featured Image Source: Daily Express