မျက်လုံးနာတာ မျက်လုံးယားတာကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြမှာပါ။ အမြင်အာရုံ ကြည်လင်စေဖို့ မျက်လုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

မျက်လုံးယားပြီး မျက်လုံးနာပြီဆိုရင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေကို မျှဝေပေးချင်ပါတယ်။

ရေအေးအေးမှာ မျက်တောင်ခတ်လိုက်ပါ

ဒါကတော့ စာဖတ်သူတွေလည်းသိပြီးသားနည်းလမ်းဖြစ်မှာပါ။ မျက်လုံးယားနာပြီဆိုရင် ရေသန့်သန့် အေးအေးလေးထဲမှာ မျက်လုံးကိုနှစ်ပြီး မျက်တောင်ခတ်လိုက်ပါ။ အဲလိုမှအလုပ်မဖြစ်ဘူးဆိုရင် ရေခဲတုံးကို တဘက်နဲ့ အုပ်ပြီး မျက်လုံးပေါ်မှာ ကပ်ပေးထားပါ။

ရေခဲရိုက်ထားတဲ့အစားအစာတွေကိုသုံးမယ်

Frozen Lemon

တကယ်လို့များ ရေခဲတုံးက အိမ်မှာမရနိုင်ဘူးဆိုရင် တခြား အေးခဲတဲ့အစားအစာတွေကို အသုံးပြုနိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အသီးအရွက်ကို သန့်ရှင်းတဲ့ အဝတ်စတစ်ခုပေါ်က ကပ်ပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးပါ။

သခွားသီးကပ်မယ်

သခွားသီးကို အသားအရေအလှအပအတွက်ရော ကျန်းမာရေးအတွက်ရော အသုံးပြုနိုင်ပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ရေခဲစိမ်ထားကာ မျက်လုံးပေါ်မျာ ကပ်ပေးထားရမှာပါ။ ၁၀ မိနစ်လောက် မျက်ခွံပေါ်ကပ်ထားပေးရင် မျက်လုံးနီတာ မျက်လုံးနာတာ သက်သာသွားမှာပါ။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကိုယူပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ ပြီးရင် ရေခဲရေအနည်းငယ်နဲ့ ရောပြီးမွှေပေးပါ။ အဲဒီနောက် ဝါဂွမ်းအသန့်ကိုယူပြီး မျက်လုံးမှိတ်ကာ မျက်ခွံပေါ်ကပ်ပေးထားပါ။

ငိုလိုက်ပါ

ငိုတာဟာလည်း မျက်လုံးနာတာကို သက်သာစေပါတယ်။ ဆားစားပွဲတင်ဇွန်တစ်ဇွန်းကို ရေ ၁ လီတာနဲ့ ရောပြီး မွှေပေးပါ။

ပြီးရင် အရည်ပျော်သွားအောင်စောင့်ပါ။ အဲဒီနောက် မျက်လုံးထဲမှာ တစ်စက်ချပေးပါ။ ပြီးရင်မျက်ရည်ကျလာမှာဖြစ်ပါတယ်။