ပါးစပ်နာလို့ လူသိများကြတဲ့ ဒီအနာဟာ Cold Sore လို့ ခေါ်ကြသလို Fever Blister လို့လည်းခေါ်ပါတယ်။ အအေးစာတွေစားလို့ ဝမ်းချုပ်လို့ အပူကန်လို့ဖြစ်တာဆိုပြီး အပူဖုလို့လည်းခေါ်ကြပါတယ်။

တခါတလေ သတိမထားမိဘဲ ပူစပ်စပ်ခံစားရမှ ကြည့်လိုက်တော့ ဒီလိုအနာမျိုးဖြစ်နေတတ်ပါတယ်။

ဒီလိုအနားမျိုးဖြစ်တတ်တဲ့ ဗိုင်းရပ်ပိုးကတော့ Herpes Simplex (HSV) ခေါ်ပြီး  အနာအမျိုးအစား ၂ မျိုးရှိပါတယ်။ ဒုတိယအမျိုးအစားကတော့ လိင်အင်္ဂါနဲ့ပတ်သတ်တဲ့အနာတွေပါ။ ဒါပေမယ့် အဖြစ်နည်းပါတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်တွေမှာအဖြစ်များပြီး လက်ချောင်း၊ ပါး၊ လျှာ၊ နှာခေါင်းတွေမှာလည်း ဖြစ်တတ်ပေမယ့် နည်းပါတယ်။

အရင်းဆုံး အရည်ကြည်ဖုလေးပေါက်ပြီး နောက်ပိုင်းအဲဒီအရည်ကြည်ဖုလေးပေါက်သွားမှ အဖြူရောင်အနာသေးသေးလေးဖြစ်ကျန်ခဲ့ပြီး နာပါတယ်။

မပျံ့အောင်ဘယ်လိုကာကွယ်မလဲ

အနာကနေ ထွက်တဲ့ အရည်က ရောဂါပိုးကူးစက်မြန်ပါတယ်။

လက်နဲ့မထိပါနဲ့။ ထိမိပြီဆိုရင်လည်းချက်ချင်းဆေးပစ်ပါ။

အနာကိုလက်နဲ့ထိပြီး တခြားသူတွေကိုမထိပါနဲ့ ကူးတတ်ပါတယ်။

ကလေးတွေဆိုပိုပြီးကူးစက်တာမြန်လို့ ကလေးတွေကို မနမ်းပါနဲ့။

ခွက်အတူတူမျှဝေသုံးတာ ဇွန်းကိုတစ်ခုတည်းစားတာတွေကို ရှောင်သင့်ပါတယ်။

လက်နဲ့ကိုင်ပြီး မျက်နှာတပြင်လုံးကိုလျှောက်ကိုင်ရင် အနာကနေထွက်တဲ့အရည်ကကူးစက်လွယ်တာကြောင့် အမြန်ကူးနိုင်ပါတယ်။ မျက်လုံးကိုထိမိမယ်ဆိုရင်တော့ မျက်လုံးထိခိုက်နိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်သလဲ

စိတ်ဖိစီးမှုများလို့ ပင်ပန်းနွမ်းနယ်လို့

နေရောင်ချည်ကထွက်တဲ့ UV ထိတွေ့မှုများလို့

အေးပြီး ခြောက်သွေ့တဲ့လေထုကြောင့်

ရာသီစက်ဝန်း နဲ့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင်း

ကိုယ်ခံအားစနစ်အားနည်းလို့

အအအက်ဆစ်ပါတဲ့အစားအစာတွေစားမိလို့

ဆေးနည်း

ကြက်သွန်ဖြူ

ကြက်သွန်ဖြူအစိမ်းက ဗိုင်းရပ်ပိုးကို ထိထိရောက်ရောက် ကာကွယ်နှိမ်နှင်းနိုင်ပါတယ်။ ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာလောက်ကို ကြိတ်ပြီး အဲဒီကနေ ထွက်လာတဲ့အရည်ကို အနာဖုမှာ လိမ်းပေးပါ။ လိမ်းပေးတဲ့နေရာမှာ နားကျက်တံက ဝါးဂွမ်းနဲ့တို့ပြီး လိမ်းပေးရမှာပါ။ ပြီးရ် ၁၅ မိနစ်လောက်ထားပါ။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လိမ်းပေးပါ။

ရေခဲတုံး

ရေခဲတုံးကို နာကျင်တာသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရေခဲတုံးကို အဲဒီအဖုနားမှာကပ်ပေးရင် နာကျင်တာသက်သာစေမှာပါ။ ပြီးရင် အဖုပိုပြီးကြီးမလာဖို့လည်းကာကွယ်ပေးပါတယ်။ ရေခဲတုံးကို ပိတ်စအသန့်နဲ့အုပ်ပြီး တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကပ်ပေးနိုင်ပါတယ်။